လားရှိုးတွင် လက်ထိပ်ကိုင် ငွေတောင်းသည့် မှုခင်းသတင်းထောက် ၂ ဦးအား ပုဒ်မ ၅ ခုဖြင့် အရေးယူထား - Kanbawza Tai News

Breaking

Wednesday, July 15, 2020

လားရှိုးတွင် လက်ထိပ်ကိုင် ငွေတောင်းသည့် မှုခင်းသတင်းထောက် ၂ ဦးအား ပုဒ်မ ၅ ခုဖြင့် အရေးယူထား

မင်းမင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လက်ထိပ်ကိုင်ဆောင်၍ ငွေတောင်းခံသည့် မှုခင်းသတင်းထောက် ၂ ဦးအား ဇူလိုင်လ ၁၄ ရက်က ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၅ ခုဖြင့် အရေးယူထားသည်ဟု သိရသည်။
.

.
"လားရှိုးတရုတ်သင်္ချိုင်းဘက်မှာ လက်ထိပ်တွေကိုင်ပြီး ငွေညစ်နေတယ်ဆိုပြီး သတင်းရလို့ ဇူလိုင်လ ၁၄ ရက် ညနေ ၅ နာရီလောက်မှာ သွားဖမ်းလာတာ။ လက်ထိပ်တွေခတ်ပြီး ငွေတောင်းနေတာပါ။ မှုခင်းသတင်း ထောက် ဖြစ်ကြောင်း သက်သေခံကတ်တွေလဲပါတယ်။ မြို့မရဲစခန်းမှာ ပုဒ်မ ၅ခုနဲ့ အမှုဖွင့် အရေးယူထား ပါတယ်"ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မှုခင်းသတင်းထောက် ၂ ဦးထံမှ လက်ထိပ်အပြင် လမ်းလျှောက် စကားပြောစက်ကိုပါ တွေ့ရှိ​ရပြီး မှုခင်း သတင်းထောက်ဖြစ်ကြောင်း သက်သေခံကတ်ပြားပါရှိသည်ဟု ရဲမှတ်တမ်းများ အရသိရသည်။
.
ထိုသို့ လက်ထိပ်ကိုင်ဆောင်၍ငွေတောင်းခံသည့် မှုခင်းသတင်းထောက် ၂ ဦးအား လားရှိုးမြို့မရဲစခန်းတွင် (ပ) ၃၄၅/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၈၈/၃၄၂/၅၀၆/၁၇၀ နှင့် ၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats