မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လား ရှိုးမြို့နယ်၊
လားရှိုး-မယ်ဟန်-မိုင်း ရယ် ကားလမ်းပေါ်ရှိ နမ့်ပေါင်ကျေးရွာတွင်
ဖြတ်သန်းသွားလာလျက်ရှိ သော မော်တော်ယာဉ်များအား ငွေကြေး ကောက်ခံမှုများနှင့်
ပတ်သက်၍ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းဝမ်းလှိုင်ခမ်းကအမျိုးသား လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ
ငွေကြေးကောက်ခံမှုမရှိစေရေး အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများနှင့်
တပ်ရင်း/တပ်ဖွဲ့များသို့ ညှိ နှိုင်း ဆောင်ရွက်ထားရှိပြီး ငွေကြေး ကောက်ခံမှုများ
ရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည် ဖြစ် ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ
ပြန်ကြားခဲ့သည်ဟု သိရသည်။
.
.
နမ့်ပေါင်ကျေးရွာအနောက်ဘက်ကမ်းတွင် အဖွဲ့အစည်းတစ်ခုက
ဝါးတားဂိတ်ထားရှိကာ ငွေကြေး ကောက်ခံ နေမှုကို ဒေသခံပြည်သူများက တိုင်ကြားသဖြင့်
ပြီးခဲ့သည့် မေလ အတွင်းက အမျိူးသားလွှတ်တော်သို့ ကြယ်ပွင့်မပြ
မေးခွန်းဖြင့်မေးမြန်းခဲ့ခြင်းကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ဇွန်လ ၂၁ ရက်တွင်
ပြန်လည်ဖြေ ကြား အကြောင်းပြန်ခဲ့ပြီး လွှတ်တော်ရုံးမှ ဇွန်လ ၂၆ တွင်
ပေးပို့လာသည်ကို ဇူ လိုင်လ၂၂ ရက်တွင် လက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက
ပြောသည်။
“ဒီလောက် COVID-19 ကာလ
ပြည်သူတွေ စားဝတ်နေရေးကြပ် တည်းနေတာ သီးနှံ စိုက်ပျိုးစားပြီး ဝင်ငွေ နည်းနေတဲ့
တောင်သူတွေရဲ့ ဒေသစိုက် ကောက်ပဲသီးနှံတင် ယာဉ် တွေကို အဲဒီဂိတ်က တစ်စီးကို ကျပ်
၁၀၀၀၀ အသွား/အပြန် တောင်း တယ်။ ဒါကို ဘယ် အဖွဲ့အစည်းက ဘယ်လို တောင်းတယ်ဆိုတာနဲ့
ခွင့် ပြုချက် မရှိရင် တားဆီး အရေးယူ သွား ဖို့မေးခဲ့တာပါ။ အခုလို တရားမဝင် ငွေ
ကြေး တောင်းခံမှုတွေ မရှိအောင် ပပျောက်အောင် ပြုလုပ်ဖို့လိုအပ်ပါ တယ်”ဟု
ဦးစိုင်းဝမ်းလှိုင်ခမ်းကပြော သည်။
.
COVID-19
ရောဂါကာလ ပြည်သူ များ စီးပွားရေး အကြပ်အတည်း ဖြစ် ပေါ်နေချိန်တွင်
လားရှိုးမြို့နယ်၊ လား ရှိုး-မယ်ဟန်-မိုင်းရယ် ပြည်ထောင်စု လမ်းမပေါ်၌
ဝါးတားဂိတ်ထားရှိကာ ဖြတ်သန်းသွားလာနေသည့် ကုန်တင် ယာဉ်နှင့် သီးနှံတင် ယာဉ်များ
ကို တစ် စီးလျှင် ကျပ် ၁၀၀၀၀ တောင်းခံနေသ ဖြင့် တင်ပြ မေးမြန်းခဲ့သည့်အပေါ်
ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးမှ ယင်းကဲ့သို့ ပြန် လည်
ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
နမ့်ပေါင် ပြည်သူ့စစ် အဖွဲ့သည် ညပိုင်းတွင် ဝါးတားဂိတ် ထားရှိပြီး ဖြတ်သန်း
သွားလာသော ယာဉ်များ အား စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းသို့
ဆောင်ရွက်ရာတွင် ငွေကြေး တစ်စုံတစ်ရာ ကောက်ခံမှု မရှိစေရေး လားရှိုးမြို့နယ်
စီမံခန့်ခွဲ မှု ကော်မတီမှ အသိပေးကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ
တပ်ရင်း/တပ်ဖွဲ့မှလည်း ပြည်သူ့စစ် အဖွဲ့များမှ ငွေကြေးကောက်ခံမှု မရှိ စေရေး
ညှိနှိုင်း ဆောင်ရွက်ထားရှိ ကြောင်းနှင့် ငွေကြေး ကောက်ခံမှုများ ရှိပါက တည်ဆဲ
ဥပဒေအရ အရေးယူ ခြင်းများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြည်နယ် လုံခြုံရေးနှင့်
နယ် စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြောဆိုခဲ့သည်။
.
No comments:
Post a Comment