မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့ရှောင်လမ်း၊
အိုရီယမ်တယ်တိုးဂိတ်တွင် ဇူလိုင်လ ၂၆ ရက်၊ ည ၁၁ နာရီခန့်က တရားမဝင် ဝင်ရောက်လာသည့်
တရုတ်နိုင်ငံသား ၈ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ တရုတ်နိုင်ငံသားများသည် မူဆယ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့
တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်ပြီး ၎င်းတို့အား မြဝတီမြို့သို့ ပို့ဆောင်ရန်အတွက် တစ်ဦးလျှင်
ကျပ် ၃ သိန်းနှုန်းဖြင့် တင်ဆောင်လာ ခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်မောင်း ခင်မောင် (ခ) စန်းနိုင်က
ထွက်ဆိုထားသည်ဟု ရဲမှတ်တမ်းများအရ သိရ သည်။
တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများမှာ ကွေ့ကျုံးပြည်နယ်၊
ဖူးကျင့်ပြည်နယ်၊ ရှန်းရှီးရှန် ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ချူပင်ပြည်နယ်၊ စီးချွမ်းပြည်နယ်တို့မှ
ဖြစ်ကြပြီး ဇူလိုင်လ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က တရုတ် နိုင်ငံ၊ ရွှေလီမြို့မှ မူဆယ်မြို့သို့
တရားမဝင်လမ်းကြောင်းအတိုင်း ဝင်ရောက်ကာ ၁၀၅ မိုင်ဂိတ်တွင် မြဝတီသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက်
ကားငှားလာကြစဉ် လားရှိုးမြို့ရှောင်လမ်း၊ အိုရီယမ်တယ်တိုးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment