ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့၊ အမှတ်(၅)ရပ်ကွက်၊ အောင်မင်္ဂလာစျေးလမ်းရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းက လျှပ်စစ်မီးခုံ အပူလွန်ကဲရာမှ တဆင့် မီး ကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
.
လားရှိူးမြို့၊ အမှတ်(၅)ရပ်ကွက် ၊ အောင်မင်္ဂလာစျေးလမ်းရှိ
ကိုထွန်းညွန့်ထွေး၏ နေအိမ်တွင် လျှပ်စစ်မီးခုံ အပူ လွန်ကဲပြီး ဆိုဖာအား ကူးစက်ပြီးနောက် မီး
လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ မီး လောင်ကျွမ်းမှုအား
လားရှိူးမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများက
မီးငြှိမ်းသတ်ယာဉ် ၆ စီးဖြင့် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ပထမထပ်မှာ ပျက်စီးခဲ့ရပြီး နေအိမ်ပိုင်ရှင် ဖြစ်သူအား
လားရှိူးမြို့မရဲစခန်းတွင် (ပ) ၃၄၁/၂၀၂၀၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment