ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ဇူလိုင်လ
၁၈ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ပြားအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီခန့်က သက်သေများနှင့်အတူ
လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီး သွားကားလမ်း တွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်နေစဉ်
လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ပင်လုံမြို့၊ သုခလမ်း နေ ခွန်တဟွန်း စီးနင်း
မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေ ရာ ယာဉ်ပေါ်တွင်
သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့်
စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၀၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၉ သိန်းအား ရှာဖွေတွေ့ရှိ
သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ပင်လုံမြို့နေ
ခွန်တဟွန်းအား လွိုင်လင်မြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး
ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment