မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့၊
မြကန်သာရေကန်အတွင်း ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းက မြက်ရှင်းရာမှ ဗုံးဟောင်း
တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“ဟုတ်ပါတယ်။ အရင်တုန်းက ဗုံးအဟောင်းပါ။ တပ်ကလာယူသွားပါပြီ။
ဖျက်ဆီးတာ သူတို့ လုပ်ပါလိမ့် မယ်။ လွိုင်လင် မြကန်သာမှာ တွေ့တာပါ”
လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ လွိုင်လင်မြို့နေ ဒေသခံတစ်ဦးကလည်း “ရေကန်
ရေကျနေတော့ ကန်အစပ်မှာ မြက်ရှင်းရင်းနဲ့ အမြှောက်ဆံအဟောင်း တွေ့တာလို့ သိရပါတယ်”
ဟု ပြောဆိုခဲ့သည်။
.
အဆိုပါဗုံး တွေ့ရှိမှုနှင့် ပတ်သက်၍ အများပြည်သူ
အန္တရာယ်မကျရောက်စေရေးအတွက် တပ်မတော်မှ လာ ရောက်ဖယ်ရှား ယူဆောင်သွားပြီဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment