မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း တရားမဝင်
ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား များအား ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ
ထုတ်ပြန်ထားသည်။
.
.
လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည်
ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ကြာတိမော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀
ခန့်အကွာ၌ လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသည့်
တရုတ်နိုင်ငံသား ၈ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ဖျားနာခြင်း၊ မောပန်းခြင်း၊ နှာစေး/ ချောင်းဆိုးခြင်းနှင့်
ကိုယ်အပူချိန်မြင့်မားမှုများ မတွေ့ရှိရ၍ တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး အတွက်
တာရွှေထန်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment