ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးအား လူပျိုဟုဆိုကာ လက်မထပ်ဘဲ လိမ်ညာပေါင်းသင်းခဲ့သည့်
အိမ်ထောင်ရှိ အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့် တိုင် ကြားမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် ပညာသင်ယူနေသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးသည် ကျောင်းပိတ် ရက်များ၌ ပန်းအလှအရောင်းဆိုင်တစ်ခုတွင်
အလုပ်လုပ်နေစဉ် ၂၀၁၇ ခုနှစ်က ယောဟန် (ခ) လီမြာ ဆိုသူ အမျိုးသားတစ်ဦးက လူပျိုဖြစ်ကြောင်းပြောဆို၍ အကြိမ်ကြိမ် ချစ်ရေးဆိုသဖြင့် ၎င်းနှင့် ရည်းစားဖြစ်ခဲ့ပြီး နောက် ၂၀၁၈ ခုနှစ်၊
ဇန်နဝါရီလ က တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ၂ ရက်ခန့် အတူနေခဲ့ပြီးနောက် ကျိုင်းတုံတွင်လည်း
မကြာခဏ တွေ့ဆုံ၍ အတူနေထိုင်ခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ယင်းကဲ့သို့
မကြာခဏ အတူတွေ့ဆုံ နေထိုင်စဉ်တွင် အမျိုးသမီးငယ်မှ ယောဟန် (ခ) လီမြာအား တရားဝင် လက်ထပ်
ရန် ပြောဆိုခဲ့သော်လည်း ယူမည်ဟုသာ ပြောဆိုပြီး အမှန်တကယ် လက်ထပ်ခဲ့ခြင်းမရှိကြောင်း
သိရသည်။
.
ထို့နောက် ၂၀၂၀
ပြည့်နှစ်၊ ဇွန်လအတွင်း ယောဟန် (ခ) လီမြာက ဖုန်းဆက်ခေါ်သဖြင့် အမျိုးသမီးငယ်သည် မန္တလေးမြို့သို့ လိုက်သွားကာ ၎င်းနှင့် ၄ ရက်ခန့် အတူနေထိုင်ခဲ့ပြီး ကျိုင်းတုံမြို့သို့
ပြန်လည်ရောက်ရှိ လာချိန်တွင် ယောဟန် (ခ) လီမြာ၌ တရားဝင်လက်ထပ်ပေါင်းသင်းထားသည့် ဇနီးမယားနှင့်
သား/သမီး ၃ ဦး ရှိကြောင်း သိရသဖြင့် အမျိုးသမီးငယ်က ကျိုင်းတုံမြို့မရဲစန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း
သိရ သည်။
.
“ယောဟန်ကို
ဇူလိုင်လ ၃ ရက်၊ ညနေက တောင်ကြီးလမ်းက ဟိုတယ်မှာ တည်းနေတုန်း သွားဖမ်းမိ ထားပါတယ်” ဟု
ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။
.
အဆိုပါ တိုင်တန်းမှုနှင့်
ပတ်သက်၍ မိုင်းဆတ်မြို့နယ်၊ ဟွေမင် (၂) ရွာနေ ယောဟန် (ခ) လီမြာ (၃၁ နှစ်) အား ကျိုင်းတုံမြို့မရဲစခန်းတွင်
(ပ)၃၁၂/၂၀၂၀၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment