ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ပုဂ္ဂလိက
ပြင်ပဘာ သာရပ်သင် ဆရာများ စုစည်း၍ အသင်း အဖွဲ့ အဖြစ် တရားဝင် မှတ်ပုံတင်
ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ ဖွဲ့စည်းမည့် ပုဂ္ဂလိက ဘာသာရပ်သင် ဆရာများ အသင်း
တွင် လက်ရှိ တာဝန် ထမ်းဆောင်နေ သည့် ဆရာ/ဆရာမများ ပါဝင် လျှောက်ထားခွင့် မရှိဘဲ
အငြိမ်းစား ကျောင်း ဆရာ/ဆရာမနှင့် အသက်
မွေးဝမ်းကြောင်း အလုပ်အဖြစ် ပြင်ပ တွင်သင်ကြားပေးနေသည့် ပြင်ပ ဘာသာရပ်သင်
ဆရာ/ဆရာမများ သာ အဖွဲ့ဝင်အဖြစ် လျှောက်ထားခွင့် ရှိမည်ဖြစ်သည်ဟု
ကျိုင်းတုံမြို့နယ် ပြင်ပ ဘာသာရပ်သင် ဆရာ/ဆရာမ များအသင်းအဖွဲ့ ထူထောင်နိုင်ရေး
အတွက် ဦးဆောင် လှုပ်ရှားနေသူ ဦး ကြည်လှိုင်ထံက သိရသည်။
“လက်ရှိ
ဝန်ထမ်းမဟုတ်ကြတဲ့ ပြင်ပ ဘာသာရပ်သင် ဆရာ/ ဆရာမ တွေရဲ့ သင်ကြားမှုစွမ်းဆောင်ရည်
မြင့်မားရေးနဲ့ ပညာရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဒေသတာဝန် ရှိသူတွေကနေ စီစဉ်
ကျင်းပပေးတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်း တွေ၊ နှီးနှောဖလှယ်ပွဲ တွေမှာ တစ်
ထောင့် တစ်နေရာကနေ အားဖြည့်ကူ ညီချင်လို့ အခုလိုဖွဲ့စည်းဖို့ စီစဉ်ရတာ
ဖြစ်ပါတယ်”ဟု ဦးကြည်လှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့နယ်တွင် ပုဂ္ဂလိက ဘာသာရပ်သင် ဘော်ဒါ
ဆောင် ဖွင့်လှစ်ထားသည့် ဆရာတစ် ဦးကလည်း “ကျောင်းတွင်းမှာ လက် ရှိ
တာဝန်ထမ်းဆောင်နေကြတဲ့ ဆ ရာ/ဆရာမ တချို့က သူတို့နဲ့ ပတ် သက်သူ တစ်ဦးဦးရဲ့ အမည်ကို
ခံပြီး တော့ ဘော်ဒါဆောင် ဖွင့်ပြီး သူတို့ ကိုယ်တိုင် ဘာသာရပ်သင် ဝင်လုပ် တော့
ကျောင်းသား ရရှိရေးအတွက် ကျောင်းမှာ ကလေးတွေကို ဖိအား ပေး ခြိမ်းခြောက်
လူစုတယ်ဆိုတာ မျိုးကို ကြားရပါတယ်။ ကျွန်တော်တို့ မျက်မြင် အနေနဲ့ ပြောရမယ်ဆိုရင်
လက်ရှိ ဝန်ထမ်း ဆရာ/ဆရာမတွေ ဘော်ဒါဆောင်နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်စေချင်တယ်”ဟု
၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
COVID-19 ရောဂါ
ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အ ဆင့် ဗဟိုကော်မတီမှ ပညာရေး ဝန် ကြီး ဌာနသို့
ဇူလိုင်လ ၁၄ ရက်စွဲဖြင့် ပြင်ပ ပုဂ္ဂလိက ဘာသာရပ်သင် ဘော် ဒါဆောင်များ၊
ကိုယ်ပိုင်ကျောင်းများ ကို ဖွင့်လှစ်ခွင့် မပြုကြောင်း ထုတ် ပြန် ကြေညာထားသည်။
.
No comments:
Post a Comment