ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုတွင် တည်ဆောက်ထားသည့် ကျိုင်းတုံ စွမ်းအင်
ပုဂ္ဂလိကမီးလင်းရေး ကုမ္ပဏီမှ တောင်သူများ၏ လယ်ရေ လိုအပ်ချက်အတွက် ရေလွှတ်ပေးနိုင်ခြင်း
မရှိသေးသဖြင့် တောင်သူ ၆၇ ဦး ၏ လယ် ၁၆၇ ဧကမှာ စိုက်ပျိုးနိုင် ခြင်း မရှိသေးကြောင်း
သိရသည်။
.
.
ကျိုင်းတုံစွမ်းအင်
ကုမ္ပဏီ အနေဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးစက် စတင် တည်ဆောက်ရန် အတွက် သဘောတူစာချုပ်
ချုပ်ဆိုရာတွင် နှစ်စဉ် လယ်စိုက်ပျိုးချိန်၌ ဒေ သခံများ၏ လယ်ရေလိုအပ်မှုအတွက် ရေလွှတ်ပေးရန်
သဘောတူညီထားခဲ့ကြောင်း သိရသည်။
“စာချုပ်မှာတော့
လယ်စိုက်ချိန် ၃ လ ရေပေးမယ်လို့ ပြောတယ်။ စိုက်လို့ အဆင်မပြေတာကတော့ ၃ နှစ်၊ ၄ နှစ်လောက်
ရှိပါပြီ။ လယ်သမားက လယ် မစိုက်ပျိုးရလို့ ရေသွင်းပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု မိုင်းခွန်
ကျေးရွာအုပ်စု၊ ဝမ်လင်းကျေးရွာနေ ဒေသခံ တောင်သူတစ်ဦးက ပြော သည်။
.
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ ကျိုင်းတုံစွမ်းအင် ကုမ္ပဏီမှ မန်နေ ဂျာ ဦးစိုင်းဆမ်တစ်အား ကမ္ဘောဇတိုင်းမှ
သွားရောက်တွေ့ဆုံ မေးမြန်း ရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက လယ်သမားတွေအတွက် အမြဲတမ်း
ရေ လွှတ်ပေးထားပါတယ်။ ၂ လက်မ ပိုက်ကို အပြင် ရေတံခါးပေါက်ကနေ လည်း ဟ ပေးထားပါတယ်”ဟု
ပြော ဆိုခဲ့သည်။
.
“ရေပေးထားတယ်ဆိုတဲ့
မြောင်း နဲ့ လယ်တွေကို လိုက်ကြည့်ပါ။ သူ တို့စက်ရုံလာဆောက်မှ ခုလိုမျိုး ရေမ ရတော့လို့
လယ်မစိုက်ရတာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့
လယ်စိုက်ပျိုးချိန် တွင် ရေမရ၍ စိုက်ပျိုးနိုင်ခြင်း မပြု နိုင်သည့် တောင်သူများမှာ
မိုင်းခွန် ကျေးရွာအုပ်စုရှိ ကောင်းဆန်းကျေး ရွာ၊ ဝမ်လင်းကျေးရွာ၊ ဟွေကွယ်ကျေး ရွာအုပ်စုရှိ
ဖရံလုံကျေးရွာနှင့် ဝင်းဘို ကျေးရွာ အုပ်စုရှိ နာကျန်းရွာများမှ တောင်သူ ၆၇ ဦး၏လယ်မြေ
၁၆၇ ဧက ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment