ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဇင်းမိုင် (၂) နယ်မြေရှိ တောင်သူတစ်ဦး၏ စိုက် ပျိုးရေး
သရက်ခြံအတွင်းမှ အ လေးချိန် တစ်ပိဿာခွဲရှိ သရက်သီး များ ထွက်ရှိသဖြင့် လူအများ စိတ်ဝင်စားမှု ရှိနေကြကြောင်း သိရသည်။
.
.
ယင်း အလေးချိန်
တစ်ပိဿာခွဲ ခန့်ရှိ သရက်သီးများ၏ အရသာမှာ လည်း ချိုဆိမ့်၍ အနှံ့မွှေးသဖြင့် စိုက်ပျိုး လိုသူများမှ
တောင်းဆိုမှုများ ရှိနေ ကြောင်း သိရသည်။
“ကျွန်တော့်ခြံထဲမှာ
စိုက်ထားခဲ့ တာ ၁၀ နှစ်လောက်ရှိပါပြီ။ စစိုက် တုန်းက ၃ ပင်ရှိပေမဲ့ အခု ဒီတစ်ပင်ပဲ
အသီး တင်တယ်။ အခုသီးနေတာ အ လုံး ၂၀၀ လောက်တော့ ရှိပါတယ်” ဟု သရက်ခြံပိုင်ရှင် ကိုအဝေရာက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“မျိုးရင်းကိုက
အသီးကြီးတဲ့ မျိုး ဖြစ်ပါတယ်။ အညာဒေသဘက်မှာ တော့ ပိဿာလုံးသီးလို့ ခေါ်ပါတယ်။ စား ကောင်းတဲ့
အရည်အသွေးကို အဓိကထားပြီး ဝယ်လိုအားနဲ့ ရောင်း လိုအား ဈေးကွက်သဘောတရားအရ ဒီလို အလုံးအရွယ်အစားကြီးပြီး
အလေးချိန်များတဲ့ သရက်မျိုးကို စိုက်ပျိုးတာ နည်းတာ ဖြစ်ပါတယ်” ဟု ကျိုင်းတုံ မြို့နယ်
စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးအောင်ကျော်မင်းက ပြော သည်။
.
ကျိုင်းတုံမြို့ရှိ
သရက်သီးဈေး ကွက်တွင် စိန်တစ်လုံး၊ ရင်ကွဲ သ ရက်သီးတို့အား စားသုံးမှုများပြား၍ အရောင်း အဝယ်တွင်
ကျယ်လျက် ရှိပြီး အလုံးအရွယ်အစား သေး၍ အစေ့ကြီးကာ အသားနည်းသော ဒေ သထွက် သရက်သီးများ
ကိုလည်း သက်ကြီးပိုင်း စားသုံးသူများက နှစ် သက်စွာ ဝယ်ယူစားသုံးလျက်ရှိဆဲ ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment