ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ
လျှပ်စစ်ဓါတ်အား မရရှိသေးသည့် ရပ်ကွက်နှင့် ကျေးရွာ သစ်များသို့ ဇူလိုင်လ ၂၀ ရက်မှ
စတင်ပြီး အလင်းရောင် စီမံချက်ဖြင့် လျှပ်စစ်ဓါတ်အား စတင် ဖြန့်ဖြူးပေး ခဲ့ကြောင်း
သိရသည်။
.
.
ကျိုင်းတုံမြို့သို့ မဟာဓါတ်အားလိုင်း သွယ်တန်း၍
ဇူလိုင်လတွင် လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူး ပေး နိုင်ခဲ့ပြီး ကျိုင်းတုံစွမ်းအင်
ပုဂ္ဂလိက ရေအားလျှပ်စစ် ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းမှလည်း ဓါတ်အား
ခွဲရုံအမှတ် (၁) နင့် (၂) တို့ဖြင့် ဓါတ်အား လုံလောက်စွာ ပေးနိုင်သော ကြောင့်
စီမံချက်ပါ ရပ်ကွက်နှင့် ကျေး ရွာသစ်များသို့ ယင်းကဲ့သို့လျှပ်စစ် ဓါတ်အား
ဖြန့်ဖြူးပေးနိုင် ခြင်းဖြစ် သည်ဟု ကျိုင်းတုံ မြို့နယ် လျှပ်စစ်
အင်ဂျင်နီယာမှူးရုံးမှ သိရသည်။
“ကျိုင်းတုံမြို့၊
အမှတ် (၁) ရပ် ကွက်မှာပါတဲ့ ကောင်းကန်ရွာနဲ့ ဟိုနား (အောက်ရွာ) က အိမ်ခြေ ၁၅၀
အတွက် မီးပေးနိုင်ပါပြီ။ နောက်ထပ် ဟိုနား (အထက်ရွာ)၊ လုပ်သားရွာနဲ့
မိုင်းဇင်အုပ်စုထဲမှာပါတဲ့ ပန်ဆွန်ရွာ တွေက အိမ်ခြေ ၂၆၀ ကျော်အတွက်
မီးဆက်သွယ်ပေးပါမယ်။ စုစုပေါင်း မီတာအလုံးရေ ၄၁၀ လောက် ဖြစ်ပါတယ်” ဟု ကျိုင်းတုံ
မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသန့်စင်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ဘယ်လို
ပြောရမလဲ ဆိုတော့ ဝမ်းသာတာပေါ့။ ကျောက်ခေတ် လူသားတွေလို မှောင်မှောင်မဲမဲထဲ
နေလာ ခဲ့ရပြီး အခုလို လျှပ်စစ်မီးရ တော့မယ်ဆိုတော့ ဝမ်းသာမဆုံးပါဘူး” ဟု
ဒေသခံတစ်ဦးက ၎င်း၏အ မြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် အလင်း ရောင်စီမံချက်ဖြင့် ကျေးရွာ
၆၈ ရွာ ကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးရန် စီမံကိန်း ရေးဆွဲထားပြီး လျှပ်စစ်
ဓါတ်အား ဖြန့်ဖြူးရေးဌာန၏ လက် ရှိဝန်ထမ်းအင်အားဖြင့် ဆောင်ရွက် နေရသောကြောင့်
သည်းခံ စောင့် ဆိုင်းပေးစေလိုကြောင်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ သိရသည်။
.
No comments:
Post a Comment