ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်တွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးကာလ အတွင်း ပုံမှန် ဝင်ငွေမရရှိသည့်
အခြေခံလူတန်းစားများအား ရိက္ခာ ၅ မျိုး ထောက်ပံ့ပေးအပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်
ကျန်ရှိခဲ့သော အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ စီ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း
သိရသည်။
.
.
“ရိက္ခာ ၅ မျိုး
ထောက်ပံ့ပေးတုန်းက ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတွေ ပေးတဲ့စာရင်းကို အချိန်မီ ပြုစုပေး လိုက်ရတော့
အားနည်းချက်ရှိပြီး ကျန်နေခဲ့တာ ဖြစ်ပေမဲ့ အခု ငွေထောက်ပံ့တာတော့ သေချာစိစစ်ပြီး စာရင်း လုပ်ထားပါတယ်”
ဟု ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်ခုမှ အုပ်ချုပ်ရေးမှူးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
ကျိုင်းတုံမြို့နယ်ရှိ
ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၃၀ တို့တွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး
ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား ရိက္ခာ ၅ မျိုး ထောက်ပံ့ပေးအပ် စဉ်က
ကျန်ရှိခဲ့သည့် အိမ်ထောင်စု ၅၀၂၂ စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀
နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၅၃၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment