ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊
လွယ်မွေလမ်းဘေး၊ ပြည်ငြိမ်းအေး အိမ်ရာအနီးတွင် ဇူလိုင်လ ၁၆ ရက်၊ ညနေပိုင်းက လောင်းကစားဒိုင်
အပါအဝင် လောင်းကစားပြုလုပ်နေသူ အမျိုးသား ၁၂ ဦးနှင့် အမျိုး သမီး ၆ ဦး၊ စုစုပေါင်း
၁၈ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ဖမ်းဆီးရမိသူများမှာ လောင်ကစားဒိုင် မျိုးမင်း၊ လောင်းကစားပြုလုပ်သူ
အမျိုးသားများဖြစ်သည့် ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်နေ ဦးမဲဒူး၊ နိုင်ဦး၊ မြင့်ဇော်၊
မျိုးမောင်၊ အမှတ် (၄) ရပ်ကွက်နေ စိုင်းဆိုင် မွန်း၊ အောင်စိုးဦး၊ စိုင်းလုံ၊ စိုင်းပီ၊
အမှတ် (၂) ရပ်ကွက်နေ စိုင်းလှ၊ စိုင်းတူး၊ တင်ထွန်းနှင့် အမျိုးသမီးများ ဖြစ်သည့် ကျိုင်းတုံမြို့၊
အမှတ် (၁) ရပ်ကွက်နေ မဝင်းခိုင်၊ မမာထွေး၊ မမလေး၊ မပန်းဝါ၊ ပြည်ငြိမ်းအေး အိမ်ရာနေ မငုဝါခိုင်၊
မဇင်မာအောင် တို့ဖြစ်ကြ ကြောင်း သိရသည်။
ယင်းလောင်ကစားနေသူများထံမှ မြန်မာငွေရောရာ ၅၅၁၀၀၀ ကျပ်၊ ထိုင်းနိုင်ငံသုံးငွေ
၃၀၀၀၊ တရုတ်ငွေ ၁၃၉ ယွမ် တို့အား လောင်းကစားသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး
၎င်းတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၃၂၅/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)
ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment