ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့၊ အမှတ် (၄)
ရပ်ကွက်ရှိ မြို့သစ် ကျိုင်းလိပ်ရပ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ရေကြီးရေလျှံမှုကြောင့် လူနေရပ်ကွက် အတွင်းရှိ
နေအိမ်များ၊ လမ်းများနှင့် ဌာနဆိုင်ရာ ရုံးအချို့တွင် ရေဝင် နစ်မြုပ်၍ သွားလာရ
ခက်ခဲခြင်း၊ ရွှံ့နွံများ တင်ကျန်ခြင်း၊ ရေနှင့်အတူ မျောပါလာသည့်
အမှိုက်သရိုက်များ ပြန့်ကျဲ ကျန်ရစ် ခြင်းများကို ကြုံတွေ့ နေရသည်ဟု ဒေသခံများထံက
သိရသည်။
“ရပ်ကွက်
(၄) အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေး ညှိနှိုင်း ထားပါတယ်။ စည် ပင်သာယာက
ရေမြောင်းဆယ်တာ တွေကို လုပ်ပါ့မယ်။ ပြည်သူတွေကလည်း ကိုယ့်အိမ်ရှေ့နေရာလောက်ကိုတော့
ပူးပေါင်း ကူညီဆောင်ရွက်ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်”ဟု ကျိုင်းတုံမြို့နယ်
စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍
ကျိုင်းတုံဒေသခံတစ်ဦးကလည်း “ရေမြောင်းတွေကိုစနစ်တကျ တူးဖော်ပြီးရင်လည်း လူနေအိမ်တွေ၊
ဈေးဆိုင်တွေအနေနဲ့ အမှိုက်ကို ရေမြောင်းထဲ စည်းကမ်းမဲ့ မပစ်ကြဖို့ လိုပါတယ်”ဟု
၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့ရှိ နမ့်ခင်ချောင်းနှင့်
နမ့်ခင်နွဲချောင်းတို့သည် မိုးသည်း ထန်ချိန်တွင် နှစ်စဉ် သဲနုန်းများ ပို့ချ၍
ချောင်း တိမ်ကော လာသဖြင့် မြေနိမ် ပိုင်း နေရာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရခြင်း
ဖြစ်ကြောင်း သိရ သည်။
.
No comments:
Post a Comment