ကျိုင်းတုံတွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတစ်ဦး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် သေဆုံး - Kanbawza Tai News

Breaking

Wednesday, July 1, 2020

ကျိုင်းတုံတွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတစ်ဦး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် သေဆုံး

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ တောင်ကြီးလမ်းပေါ်တွင် ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုင်းတုံ မြို့တွင်း ဘက်မှ ကျိုင်းဖောင်းဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီး လမ်းဘေး ကျောက်စီ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ကာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်ကျေးရွာနေ အားရင် (၂၃ နှစ်) ဆိုသူ ဖြစ်ပြီး ဆိုင်ကယ် တိမ်းမှောက်ချိန်တွင် လမ်းပေါ်၌ ယာဉ်နှင့် လူအသွားအလာ ကင်းရှင်းနေသည်ဟု သိရ သည်။
.
ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ စွန့်ပစ်ရေဆိုးထုတ် ကျောက်စီမြောင်းအတွင်းသို့ ဆိုင် ကယ်နှင့် အတူ တိမ်းမှောက်ခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ အားရင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ ဝဲယာနားထင် သွေးထွက်၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ခြေဖမိုး ပေါက်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
.
အဆိုပါ အားရင် သေဆုံးမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ ယာဉ် (ပ)၇/၂၀၂၀၊ ပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)