ကျိုင်းတုံမြို့နယ်တွင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ စမ်းသပ်တိုင်းတာမှုအတွက် ဒေသခံများအား ရှင်းလင်း - Kanbawza Tai News

Breaking

Thursday, July 16, 2020

ကျိုင်းတုံမြို့နယ်တွင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ စမ်းသပ်တိုင်းတာမှုအတွက် ဒေသခံများအား ရှင်းလင်း

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ရွှေစပါး သတ္တုတူးဖော်ရေး ကုမ္ပဏီမှ မြေဧက ၁ သိန်းကျော်၌ သတ္တု စမ်းသပ်တိုင်းတာရေးလုပ်ငန်း များ ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်က ဒေသခံ ကျေးရွာနေ ပြည်သူများအား ချ ပြ ရှင်းလင်းခြင်း လုပ်ငန်းကို ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
.
.
ယင်း သတ္တုစမ်းသပ် တိုင်းတာ ရေးလုပ်ငန်းအတွက် ရွှေစပါး သတ္တု တူးဖော်ရေးကုမ္ပဏီမှ ခဲ၊ သွပ်၊ ကြေးနီ စမ်းသပ် တိုင်းတာရေး လုပ်ငန်းများ အတွက် မြေ ၆၈၇၇၀ ဧကနှင့် သံ၊မြေ ရှား ရောရာ ရှာဖွေရေးလုပ်ငန်းအ တွက် ၉၆၃၈၆ ဧကကို EC အမှတ် ၁၇/၂၀၂၀၊ စာအမှတ် ၂၅-၅-၂၀၂၀၊ ၂၇ (ခွဲ) ၂၀/သတ္တု (၅၆၁၅)ဖြင့် သတ္တု တွင်း ဝန်ကြီး ဌာန၏ ခွင့်ပြုစာ အရ ရှမ်းပြည်နယ်အစိုးရ၏ သဘောထား ကို တောင်းခံထားခြင်း ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ သတ္တုစမ်းသပ်တိုင်းတာ ရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအ စဉ်များနှင့် ပတ်သက်၍ ကျိုင်းတုံ ဒေသခံများက သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမည်ကို စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရသည်။
.
ကျွန်မတို့ ရှမ်းအရှေ့မှာ သတ္တု ရှာဖွေရေးကို လုပ်ရင်းနဲ့ ဒေသခံပြည် သူတွေရဲ့ နေထိုင်မှု သဘာဝ ဂေဟ စနစ်တွေ ပျက်စီးသွားတာကို တာလေမှာ သက်သေ ရှိနေပါတယ်။ ဒါကြောင့် ကျိုင်းတုံမြို့နယ်ကိုတော့ တာလေလို အဖြစ်ဆိုးနဲ့မကြုံစေချင်ပါဘူး” ဟု ကျိုင်းတုံမြို့နေ ပရဟိတလူမှုရေးလုပ်ငန်းများကို ဆောင်ရွက် နေသည့် နန်းခမ်းဖူးက ၎င်း၏ အမြင်ကို ပြော သည်။
.
ကုမ္ပဏီရဲ့ စမ်းသပ်တိုင်းတာ ရေး လုပ်ငန်းရှင်းလင်းပွဲကို ကျွန်တော် လည်း လိုက်ပါခဲ့ရပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေလောက် တဲ့ တူးဖော်ရေး လုပ်ငန်းကို ခုချက် ချင်း စလုပ်တာမျိုး မဟုတ်ပါဘူး။ သတ္တုပညာရှင်တွေက မြေကိုလွန်နဲ့ တူးယူပြီး စမ်းသပ်တာကို အရင် လုပ် မှာပါ။ နောက်ထပ် ၂ နှစ်လောက်အ ချိန်ယူပြီး စီးပွားရေး တွက်ချေကိုက် လောက်တယ်ဆိုရင်တောင် လူထုသ ဘောတူလက်ခံမှ ဒီလုပ်ငန်းက လုပ် ဖြစ်မှာပါ”ဟု ကျိုင်းတုံမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် သတ္တုစမ်းသပ်တိုင်းတာ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းအတွက် လန်ဖုန်ဒန်ကုမ္ပဏီ အား ကျိုင်းတုံဒေသခံများမှ ကန့် ကွက်မှု ရှိခဲ့ဖူးပြီး လက်ရှိတွင် အုတ် ဖုတ်လုပ်ငန်းများ၌ ကျောက်မီးသွေး လောင်စာကို တွင်ကျယ်စွာ သုံးစွဲနေ သဖြင့် ဒေသနေ ပြည်သူများအား ကျောက်မီးသွေး ဓါတ်ကြွင်း အဆိပ် သင့်မည်ကို စိုးရိမ်နေကြကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats