ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်းမှ Quarantine Center များသို့ စားနပ်ရိက္ခာများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 16, 2020

ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်းမှ Quarantine Center များသို့ စားနပ်ရိက္ခာများ လှူဒါန်း

စိုင်းအောင်မြတ် (တောင်ကြီး)
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကရုဏာ စည်းလုံးညီ ညွတ်ရေးအသင်း (တောင်ကြီး) (Karuna Mission Social Solidarity (KMSS) (TGI) မှ ဇူလိုင်လ ၁၀ ရက်တွင် တောင်ကြီးမြို့နယ်အတွင်းရှိ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိရာ Quarantine Center များ သို့ စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့သည်ဟု သိရ သည်။
.

.
ထိုသို့ ထောက်ပံ့ရာတွင် ကွန်ပျူ တာတက္ကသိုလ် (တောင်ကြီး)၊ ဓမ္မဥ ယျာဉ် ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၁) တည်းခိုရေးစခန်း (ရွှေ ညောင်) စခန်းများရှိ အသွားအလာ ကန့်သတ်ထားသူ ၂၁၃ ဦးနှင့် စေ တနာ့ ဝန်ထမ်း ၁၁ ဦးတို့အတွက် ငွေ ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ၊ အာလူး၊ ပဲကြာဇံ၊ ငါးသေတ္တာ စသည့် စားနပ်ရိက္ခာများကို သွားရောက် ၍ ထောက်ပံ့ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကရုဏာလူမှု စည်းလုံးညီညွတ်‌ ရေးအသင်း (တောင်ကြီး) အနေဖြင့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း ရှိ မြို့နယ် ၁၇ ခုသို့ စားနပ်ရိက္ခာများ အပြင် COVID-19 ရောဂါ ကာ ကွယ်ရေးဆိုင်ရာ ကျန်းမာရေး အ ထောက်အကူပြု ပစ္စည်းများကို စဉ် ဆက်မပြတ် လှူဒါန်းလျက် ရှိရာ ယနေ့အထိ စုစုပေါင်း လှူဒါန်းမှု တန်ဖိုးငွေ ကျပ်သိန်း ၇၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
.
ကရုဏာလူမှု စည်းလုံးညီညွတ်‌ ရေးအသင်း (တောင်ကြီး) ကို ၁၉၉၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်က စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ပြီး အသင်း စတည် တည်ထောင်ချိန်မှ စ၍ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်/ဒေ သ မခွဲခြားဘဲ လှူဒါန်းမှုများ ပြုလုပ် နေခြင်းဖြစ်ကာ နောင်တွင်လည်း အ လျဉ်းသင့်သလို လှူဒါန်းမှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
အသင်းအနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးဇုန်၊ လွိုင်လင်ဇုန်၊ လင်းခေးဇုန် ဒေသများသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကာကွယ် စောင့်ရှောက်ရေး၊ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြား ရေး၊ သဘာ ဝဘေးအန္တရာယ် လျှော့ချရေးနှင့် အ ရေးပေါ် ကူညီ တုံ့ပြန်ရေး လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း အသင်း ဒါရိုက် တာ ဖာသာပေါလုနန်းထံက သိရ သည်။
.
KMSS လူမှုရေးအသင်း တိုက်ရုံး ခန်းကို တောင်ကြီးမြို့၊ လမ်းမတော် ရပ်ကွက်၊ စိန်ဂျိုးဇက်အောက်မေ့ဖွယ် ဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats