ကျောက်မဲတွင် ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ၃ ဦးအား အမှုဖွင့် အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 10, 2020

ကျောက်မဲတွင် ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ၃ ဦးအား အမှုဖွင့် အရေးယူမည်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ခွင့်ပြုချက်မရှိဘဲ စုဝေး စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။
.
.
ကျောက်မဲမြို့၊ ဟဲကွီကျေးရွာနေ ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနှင့် ဦးအာလိယျတို့ ဦးဆောင်သော ဒေသခံအင်အား ၂၂၀၀ ဦးခန့်သည် ဇူလိုင်လ ၁၀ ရက်၊ နံနက် ၅ နာရီခန့်က ကျောက်မဲမြို့နယ်၊ လုံဝယ် ဘုန်း တော်ကြီးကျောင်းအနီးသို့ ယာဉ်မျိုးစုံ ၅၀ စီးခန့်ဖြင့် ရောက်ရှိလာပြီး ခွင့်ပြုချက်မရဘဲ ကျောက်မဲမြို့နယ် အတွင်း စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရဿည်။
.
ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတစ်ဝိုက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ နံနက် ၈ နာရီခန့်က တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ ဦးအိုက်စု (ခ) လုံးစု (၆၀ နှစ်)မှာ လက်နက်ငယ်ကျည် ထိမှန် သေဆုံးခဲ့ပြီး ဒေါ်ပါဆိုင်နှင့် ဦးမောင်ခေ တို့တွင် ဒဏ်ရာများ ရရှိခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်မှ ပစ်ခတ်၍ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုကာ ယင်းကဲ့သို့ စီတန်းလှည့်လည် ခွင့်အား ဇူလိုင်လ ၉ ရက်တွင် တင်ပြခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွင့်မပြုကြောင်း သိရပြီး ခွင့်ပြုချက်မရဘဲ စုဝေး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ဦးဆောင်သူ ၃ ဦးအား ငြိမ်းချမ်းစွာ စုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ တို့ဖြင့် သက်ဆိုင်ရာဌာနများမှ အမှုဖွင့်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။
.
ထိုသို့ ဆန္ဒဖော်ထုတ်သည့် လူထုများမှ အပြစ်မဲ့ပြည်သူများကို ပစ်ခတ်သည့် တပ်မတော်ကို အလိုမရှိ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လှည့်လည်ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About