မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာတွင် RCSS/SSA မှ ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲမှ
စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ထိတွေ့ပစ်ခတ်မှုများကြောင့် တိုက်ပွဲရှောင် ရောက်ရှိ လာသည့်
ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်များမှာ တိုက်ပွဲဖြစ်ပွားမှု မရှိတော့သဖြင့်
ယနေ့ ဇူလိုင်လ ၁ ရက်မှ စတင်၍ နေရပ်များသို့ ပြန်လည် သွားရောက်နေလျက်ရှိကြောင်း သိရသည်။
.
.
“ဝင်လိုက် ထွက်လိုက်ပါပဲ။
ရွာမှာ ကျွဲနွားတွေ ကျန်နေတာ၊ အိမ်တွေကို ပြန်ကြည့်တာတွေ ရှိပေမဲ့ အားလုံး မပြန်ကြ
သေးပါဘူး။ ပြန်ဖို့တော့ ပြင်နေကြပါတယ်။ ပြန်မယ့်သူတွေအတွက် ဆိုင်ကယ်၊ ထွေလာဂျီ ဆီဖိုး တွေလည်း
ပံ့ပိုးနေ ပါတယ်။ တိုက်ပွဲရှောင်ကော်မတီနဲ့ ဌာနဆိုင်ရာအားလုံး၊ ပရဟိတအသင်းတွေ၊ မြို့လူထု အပြင်
လားရှိုးက ကြက်ခြေနီ အသင်းကလည်း လာရောက်ကူညီနေပါတယ်” ဟု ကျောက်မဲမြို့နယ် အုပ်ချုပ် ရေးမှူး
ဦးနိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ
ရေဆန်၊ လွယ်စောင့်၊ ပန်ကျင်၊ လွယ်ပေါင်း၊ ပြိန်းနင်၊ မန့်မိုင်၊ ခေးနင်း၊ မန်ကန် (ဟဲကွီ)၊
နောင်မိန်း၊ လွယ်ကုန်ကျေးရွာများမှ အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၉၃၁ ဦးမှာ ကျောက်မဲမြို့
အရှေ့ဘက် ၈ မိုင်ခန့်အကွာရှိ ပန်လော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ နောင်ပိန်မြို့လယ်ဓမ္မာရုံ၊
နောင်ကွမ် ဘုန်းတော်ကြီးကျောင်း တို့တွင် တိုက်ပွဲရှောင် ရောက်ရှိနေခြင်းဖြစ်ကြောင်း
၎င်းထံက သိရသည်။
.
ပြီးခဲ့သည့်
ဇွန်လ ၂၆ ရက်က ဟဲကွီရွာတွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲသို့ စုရုံးလာသည့်
RCSS တပ်ဖွဲ့များနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ ထိတွေ့မှု များ ဖြစ်ပွားခဲ့ပြီး
ပန်ကျင်ရွာအတွင်း ပစ်ခတ်မှုများကြောင့် ဒေသခံရွာသား သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု
သိရသည်။
.
အဆိုပါ သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သက်၍
လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ဇွန်လ၃၀ ရက် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ
ယင်းကြေညာချက်တွင် ဇွန်လ ၂၉ ရက် နံနက် ၈ နာရီခန့်က သီပေါအခြေစိုက် ခလရ (၂၃)မှ ပန်ကျိန်ရွာအတွင်း
မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်း ပစ်ခတ်မှု များကြောင့် ပန်ကျိန်ရွာသူတစ်ဦး
ဒဏ်ရာရရှိခဲ့ပြီး ပန်ကျိန်ရွာသား လုံးဆု ကိုလည်း ပစ်သတ်ခဲ့ကြောင်း၊ အင်ကီရွာသား ၄ ဦးကို
လမ်းပြအဖြစ် အတင်းအဓမ္မခိုင်းစေခဲ့ခြင်း၊ အင်ကီရွာမှ လမ်းပြ လုံးမောင်ကို သတိလစ် မေ့မျောစေသည်အထိ
ရိုက်နှက်နှိပ်စက်ခြင်းများကိုလည်း ကျူးလွန်ခဲ့ကြောင်း ဖော်ပြ ထားသည်။
.
“အခု ၉ နာရီက
ပဲ အားလုံးလိုလို ပြန်နေကြပါပြီ၊ ကားတွေနဲ့ လိုက်ပို့ပေးပါတယ်” ဟု နောင်ပိန်ရှိ ကမ်းလင့် လက်
များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်က ယနေ့ ဇူလိုင် ၁ ရက် တွင် ပြောသည်။
.
တိုက်ပွဲရှောင်များမှာ
ဇွန်လ ၃၀ ရက်တွင် နှစ်ဖက်တပ်များ ဆုတ်ခွာသွားမှုအပေါ် စိတ်ချရမှုမရှိကြသေး သော်လည်း သက်ကြီးရွယ်အို များ နှင့် မကျန်းမာသူများ၊ စောင့်ရှောက်သူများမှ
အပ ဇူလိုင် ၁ ရက်တွင် မိမိတို့ရပ်ရွာများသို့
ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment