မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာသို့
ရောက်ရှိနေသည့် စုံစမ်းရေး အဖွဲ့တွင် ပါဝင်သွားသော ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဝန်ထမ်းများအား ကျောက်မဲ အခြေ စိုက် နမ့်ခုံးရှမ်းများပရဟိတ အသင်းမှ သွားရောက်ခေါ်ဆောင်လာသဖြင့်
ဇူလိုင်လ ၁၆ ရက်၊ ညနေပိုင်းက ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်သည်ဟု သိရသည်။
.
.
“ဒုဦးစီး အပါအဝင် ဝန်ထမ်း ၃ ဦးပါ။ အားလုံးပြန်ရောက်ကြပါပြီ။
အထိအခိုက် မရှိပါဘူး။ နမ့်ခုံးအသင်းက ကူညီခေါ်ယူ လာတာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနိုင်ဝင်းက ပြောသည်။
ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၈
ရက် က ဖြစ်ပွားခဲ့သည့် RCSS/SSA
နှင့် တပ်မတော် စစ်ကြောင်းများ ထိတွေ့မှုဖြစ်ပွားစဉ်အတွင်း
အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုဖြစ်စဉ်အ တွက် စုံစမ်းရန် သွားရောက်ရာတွင်
ပါဝင်သည့် ကျောက်မဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃ ဦးနှင့်
အရပ်သား ယာဉ်မောင်း ၂ ဦးတို့ကို နမ့်ခုံးရှမ်းများ လူမှုကူညီရေးအသင်းမှ
သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ
ဥက္ကဋ္ဌ ဦးစိုင်းကူးက “အုပ်ချုပ်ရေးမှူးရဲ့ စာကို ယူသွားပါတယ်။ လမ်းမှာ
စစ်ကြောင်းနဲ့ဆုံတယ်။ အဖိုးအဖွားနဲ့ အိမ်မွေးတိရစ္ဆာန် တွေ တွေ့ရပေမဲ့ လူငယ်ပိုင်း
ယောကျ်ားမိန်းမတွေတော့ မတွေ့ရသလောက်ပဲ။ အိမ်တွေလည်း ပိတ်ထားတာ များတယ်။ ဗျူဟာကို
စာပြပြီး ကားတွေ လူတွေကို ပြန်ခေါ်လာတာ လမ်းမှာ အန္တရာယ်ကြုံမှာစိုးလို့
အမြန် မောင်းလာကြရတယ်” ဟု ပြောဆိုခဲ့သည်။
.
အသင်းမှ မော်တော်ယာဉ်နှင့် ယာဉ်မောင်း ၃ ဦးဖြင့် ပန်ကျင်ကျေးရွာ
ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိ နေသည့် ဗျူဟာသို့ သတင်းပို့ကာ ဌာနဆိုင်ရာနှင့် ဒေသခံ
မော်တော်ယာဉ် ၆ စီးနှင့်အတူ ဝန်ထမ်းများကို ပြန်လည်ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်းနှင့်
ပန်ကျင်ကျေးရွာမှာ ကျောက်မဲမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိကြောင်း ၎င်းထံက
သိရသည်။
.
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူး ဦးဆောင်သည့်
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင်လ ၁၄ ရက်က ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ကြောင်းဖြင့် ဟဲကွီနှင့် ပန်ကျင်ရွာများသို့
သွားရောက်စဉ် RCSS/SSA မှ ၅ ကြိမ်ခန့် ပစ်ခတ်နှောင့်ယှက် ခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
.
No comments:
Post a Comment