မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊
ကျောင်းကုန်းကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်၊ နေ့လယ်ပိုင်းက ဗုံးအဟောင်းတစ်လုံး ပေါက်ကွဲရာမှ
တောင်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
“တောင်ယာမှာတွေ့တဲ့ ဗုံးအဟောင်းကို ဓါးနဲ့ခေါက်ကြည့်တော့ ဗုံးကွဲပြီး
ရတဲ့ဒဏ်ရာနဲ့ သေတာပါ။ ရွာက အကြောင်း ကြားလို့ လူနာတင်ကား ၂ စီးနဲ့ သွားယူပြီး နောင်ပိန်တိုက်နယ်ဆေးရုံက
ရင်ခွဲရုံကို ပို့ထားပါပြီ” ဟု နောင်ပိန် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်က
ပြောသည်။
နောင်ပိန်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာနေ ဦးချစ်မောင်
(၅၉ နှစ်) သည် ဇူလိုင်လ ၂၈ ရက်၊ နေ့လယ် တစ်နာရီခွဲ ခန့်က ရွာတောင်ဘက် တစ်မိုင်ခွဲခန့်
အကွာရှိ ၎င်း၏ ပြောင်းစိုက်တောင်ယာခင်းအတွင်း ဗုံးအဟောင်းတစ်လုံး တွေ့ရှိ သဖြင့် ဓါးဖြင့်ခေါက်ကြည့်ရာမှ
ပေါက်ကွဲပြီး ယာလက်ပြတ်ဒဏ်ရာ၊ ရင်ဘတ်အနှံ့အပြားဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာတွင်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
နောင်ပိန်ကျေးရွာအုပ်စုသည် ကျောက်မဲ-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး၊
ကျောက်မဲမြို့မှ ၁၅ မိုင်ခန့်အကွာ ကားလမ်းတောင်ဘက် ၄ မိုင်ခန့်တွင် တည်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment