ရဲရဲရည်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် စာရေးဆရာအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲကို
ဇူလိုင်လ ၂၅ ရက်၊ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊
စာကြည့်တိုက်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အစည်းအဝေးတွင် အမှုဆောင်ဟောင်းများမှ နုတ်ထွက်ခဲ့ပြီး အမှုဆောင်သစ်များကို
မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသူရိန်အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှူး ဒေါ်သင်းသင်းမော်နှင့် အသင်းဝင်များမှ မျက်နှာစုံညီ ရွေးချယ်တင်မြှောက်ကြကြောင်း
သိရသည်။
အဆိုပါ ကလောမြို့နယ်စာရေးဆရာအသင်း အမှုဆောင်အဖွဲ့သစ်တွင် ဥက္ကဋ္ဌအဖြစ်
ဦးထိန်လင်း (ကဗျာ ဆရာ နိုင်မွန် အောင်သွင်)၊ အတွင်းရေးမှူးအဖြစ် ဦးဇော်သိန်းရည် (သတင်းထောက်၊
ကဗျာဆရာ ဇော်သိန်း ရည်)၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးမြင့်ငွေ (စာရေးဆရာ ချမ်းမြဆောင်း)၊ အဖွဲ့ဝင်
(၁) ညီလာခံကိုယ်စားလှယ် ဦးကိုကိုကြီး (စာရေးဆရာ သက်မောင်-ကလော)၊ အဖွဲ့ဝင် (၂) ဦးထွန်းဝင်း
(စာရေးဆရာ ဟဲဟိုးထွန်းနွယ်စိုး) တို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးသို့ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး
ဦးသူရိန်အောင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းမော်နှင့်
ကလောမြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment