မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ဇွန်လ ၂၅ ရက်က လယ်ဝေးဘက်မှ နယ်မြေကျော် သယ်ဆောင်လာသည့် ဝက်တင်ကား တစ်စီးကို စစ်ဆေးတွေ့ရှိသဖြင့် ရှမ်းပြည်နယ် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးအဖွဲ့မှ တားမြစ်ဖမ်းဆီး အမှုဖွင့်ကာ ယနေ့ ဇူလိုင်လ ၁ ရက်တွင် သက်ဆောင်လာသည့် ဝက်များကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
.
“အင်းလေးဒေသဘက်မှာ
ဖြစ်နေတဲ့ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သတ်မှတ်ကန့်သတ်ထားတဲ့ နယ်မြေ အတွင်းမှာ
သယ်ဆောင်လာမှု၊ နယ်မြေကျော် သယ်ဆောင်လာတာမှာ ပါရှိရမယ့် သယ်ဆောင် တင်ပို့ခွင့် မပါရှိတာ
ဖြစ်လို့ ဖမ်းဆီးပြီး ဖျက်ဆီးရခြင်းဖြစ်ပါတယ်” ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အတူ ကလောမြို့နယ်
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဖြူဖြူမွန်ကလည်း “ကားပေါ်က အချမှာပဲ ၅
ကောင်လောက် သေတယ်။ ထိန်းသိမ်းထားရင်း ၇ ကောင် ထပ်သေတော့ အခု ၂၂ ကောင်ပဲ ကျန်တယ်။ ဥပဒေအရ
သတ်မှတ်ထားလို့ ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု ပြောသည်။
.
အဆိုပါ ဝက်များသယ်ဆောင်လာမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ၃ ဦးအား ကလောမြို့မရဲစခန်းတွင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဥပဒေ ပုဒ်မ ၂၄ (က) ဖြင့် အမှုဖွင့်ပြီး ကလောမြို့နယ် တရားရုံးက တစ်ဦး လျှင် ဒဏ်ငွေ ၅ သောင်းကျပ်စီ ချမှတ်ကာ ဝက်များကို အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာရှိ စည်ပင်သာယာအမှိုက်ပုံ တွင် မြေမြှုပ်ဖျက်ဆီးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment