ကလောတွင် အမျိုးသား တစ်ဦးမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဓါးဖြင့် ထိုးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

ကလောတွင် အမျိုးသား တစ်ဦးမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဓါးဖြင့် ထိုးမှု ဖြစ်ပွား

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ဇူလိုင်လ ၈ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦးမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၂ ဦးအား ဓါးဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ကလောမြို့၊ အမှတ် (၈) ရပ်ကွက်နေ မောင်ရဲလင်းထက် (၂၁ နှစ်)၊ အောင်ကျော်သူ (၂၁ နှစ်) နှင့် ဇော်ပိုင် (၁၉ နှစ်) တို့ ၃ ဦးသည် ဇူလိုင်လ ၈ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်က ကလောမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ ဒေါ်သန်းသန်း (၅၉ နှစ်) ၏ နေအိမ်ဈေးဆိုင်သို့ ဈေးဝယ်ရန် သွားရောက်စဉ် ယင်းရပ်ကွက်နေ ဦးသန်းထွန်း (၆၄ နှစ်) ဆိုသူ ရောက်ရှိလာပြီး အသင့်ပါလာသော သတ္တုရိုးတပ် အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးမြှောင် ဖြင့် ဒေါ်သန်းသန်းအား ထိုးခဲ့ရာ ဝဲဘက်ချိုင်း အောက် လက်မဝက်ခန့် ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း သိရဿည်။
.
ထို့နောက် ဦးသန်းထွန်းသည် အသင့်ယူလာသော အရိုးအသွား ၂၄ လက်မခန့်ရှိ ကိုင်းခုတ်ဓါးဖြင့် အောင် ကျော်သူနှင့် ဇော်ပိုင် တို့အား ခုတ်ခဲ့ရာ အောင်ကျော်သူတွင် နဖူး ၃ လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် (စိုးရိမ်ရ)၊ ဝဲဘက် လက်ချောင်း ၄ ချောင်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဇော်ပိုင်တွင် ဦးခေါင်းယာဘက် နဖူး ပေါ် ၃ လက်မခန့် ပေါက်ပြဲ ဒဏ်ရာတစ်ချက် (စိုးရိမ်ရ)၊ ဝဲဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာများ ရရှိကာ ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။
.
အဆိုပါ ဓါးဖြင့်ထိုး/ခုတ်သူ ဦးသန်းထွန်းအား ရဲလင်းထက်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကလော မြို့မရဲစခန်းမှ (ပ)၁၀၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About