ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ လမိုင်းကျေးရွာတွင် ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းက
ချဲထီလောင်းကစား ပြုလုပ်သူတစ်ဦးကို လောင်းကစားပြုလုပ်သည့် စာရွက်စာတမ်း ပစ္စည်းများ၊
ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။\
.
.
ကလောမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁ ရက်၊ နံနက် ၇ နာရီခွဲ
ခန့်က ကလောမြို့နယ်၊ လမိုင်းကျေးရွာအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် လမိုင်း ကျေးရွာဘက်မှ
ဘုရားဖြူ ကျေးရွာဘက်သို့ ဘုရားဖြူကျေးရွာနေ မောင်ကြီး (၄၃ နှစ်) စီးနင်းမောင်းနှင် လာသည့်
ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်လာသည့် နီ/ပြာ/ဝါ အစင်းကြားလွယ်အိတ် အတွင်းမှ
ချဲထီလောင်းကစားသည့် စာရွက်စာတမ်း ပစ္စည်းများနှင့် ငွေ ၆၆၅၀၀ ကျပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချဲထီလောင်းကစား
ပြုလုပ်သူ ကလောမြို့နယ်၊ လယ်ကြားကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနေ မောင်ကြီး (၄၃ နှစ်)
အား ကလောမြို့မရဲစခန်းတွင် (ပ)၉၈/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) တို့ဖြင့်
အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment