မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင်
ကျူးကျော်သူများအဖြစ် တပ်မတော်မှ တရားစွဲဆိုထားသည့် တောင်သူ ၄၇ ဦး အနက် ၅ ဦးဖြင့်သာ တရားရုံးသို့ သွားရောက်
ရင်ဆိုင်ရန် နမ့်စန်မြို့နယ် တရားရုံးမှ ခွင့်ပြု မိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.
.
“၅ ဦးနဲ့
ရင်ဆိုင်ခွင့် ရတယ်။ ပြီးတော့ မြေပိုင်ဆိုင်မှု မူရင်းနဲ့ရုံးကို တင်ပြတာ မဟုတ်ဘဲ
မိတ္တူနဲ့ တင်ပြ ထားတာကို ကန့်ကွက်ခဲ့တယ်။ တင် ပြတဲ့ မိတ္တူစာရွက်က မြေနေရာ လည်း
အခု ဖြစ်နေတဲ့ မြေနေရာနဲ့ လွဲ နေတယ်လို့ ယူဆရ တယ်၊ စစ်ဆေးဆဲပါ”ဟု အဆိုပါ အမှုကို
လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးတင်အောင်ဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ ခလရ (၆၆) ၏
တပ်သိမ်းမြေအတွင်း၌ ကျူး ကျော်စိုက်ပျိုးသည်ဟု ဆိုကာတောင် သူ ၄၇ ဦးကို တရားစွဲဆိုထားခြင်းဖြစ်ပြီး
ယင်းတောင်သူများ အားလုံးကို တရားရုံးသို့ လာရောက်ရမည့် အစား ကျင့်ထုံး ပုဒ်မ ၂၀၅
(၁) အရ လူ ၅ ဦးဖြင့်သာ တရားရုံးသို့ လာ ရောက်ခွင့် လျှောက်ထားခဲ့မှုကို ဇူ လိုင်လ
၂၁ ရက် တရား ရုံးချိန်းတွင် မြို့နယ်တရားသူကြီးက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“တစ်ကယ်
ဗမာစကား၊ ရှမ်းစကားလည်လည်ဝယ်ဝယ် တတ်တဲ့သူ ၅ ဦးကို ရွေးချယ် တင်ပြခဲ့ပါပြီ။ အဖိုး
အဖွားတွေ၊ မကျန်းမာသူတွေ၊ လုပ် ငန်းခွင်ကို ရုံးချိန်းကြောင့်ပစ်သွားနေ
ရတဲ့သူတွေအတွက် အဆင်ပြေ သွား ပါပြီ။ တရားသူကြီးကတော့ အကယ် ၍ အားလုံး လာရမယ်ဆိုရင်
လာဖို့ ပြောပါတယ်”ဟု ခိုလမ်မြို့၊ အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတီလေးက
ပြောသည်။
.
အဆိုပါ တောင်သူ ၄၇ ဦးအား ခိုလမ် နယ်မြေ ရဲစခန်းတွင် (ပ)၃၁/
၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် ဇွန်လ ၉ ရက်က နမ့်စန်မြို့နယ် တရားရုံးသို့
တရားစွဲတင်ခဲ့ခြင်း ဖြစ်ပြီး လာမည့် သြဂုတ်လ ၅ ရက်တွင် ရုံး ချိန်း ထပ်မံချိန်းဆို
ထားကြောင်း ဦး တီလေးထံက သိရသည်။
.
No comments:
Post a Comment