ခိုလမ်တပ်သိမ်းမြေ ကိစ္စတွင် ကိုယ်စားလှယ်များဖြင့်သာ တရားရင်ဆိုင်ရန် လျှောက်ထားမှု ပယ်ချခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

ခိုလမ်တပ်သိမ်းမြေ ကိစ္စတွင် ကိုယ်စားလှယ်များဖြင့်သာ တရားရင်ဆိုင်ရန် လျှောက်ထားမှု ပယ်ချခံရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ တွင် နယ်မြေခံတပ်မှ ပိုင်နက် ကျူး လွန် မှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်သူ ၄၇ ဦး အမှုအတွက် ကျင့် ထုံးပုဒ်မ ၂၀၅ (၁) အရ ကိုယ်စားလှယ် ၃ ဦးမှ ၅ ဦးဖြင့်သာ တရားရုံးတွင် သွားရောက် တရားရင်ဆိုင် နိုင်ရေး လျှောက်ထားခဲ့သော်လည်း ဇွန်လ ၂၉ ရက်၊ ရုံးချိန်း တွင် နမ့်စန်မြို့နယ် တရားသူကြီးမှ ပယ်ချခဲ့သည်ဟု သိရ သည်။
.

.
“COVID-19 ကာလမှာ လူစုလူဝေး မလုပ်ရတာကို လိုက်နာရင်း သက်ကြီးရွယ်အိုတွေပါတာ၊ပြီးတော့ စိုက် ပျိုး ချိန် ရာသီဖြစ်တာ၊ မကျန်းမာ သူတွေ ရှိလာတာတွေကြောင့် ကျင့် ထုံးအရ ခွင့်ပြုနိုင်ဖို့ လျှောက်ထား တာကို တရားရုံးက လက်မခံပါဘူး။ ခရိုင်ရုံးကို ပြင်ဆင်မှုတက်ဖို့ လုပ် ဆောင်နေပါတယ်”ဟု တရားစွဲဆိုခံ ရသူ တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက် ပေးနေ သည့် တရားလွှတ် တော်ရှေ့နေ ဦးတင်အောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တရားစွဲဆို ခံရသူ တောင်သူ ကိုရိုဆန်းကလည်း “တ ရားသူကြီးကမေးလို့ အသက်ကြီးသူ တွေပါတယ်။ အုပ်စုလိုက် လာရတာ ခက်ခဲတယ်လို့ တင်ပြတယ်။ နမ့်စန် ကို ရုံးချိန်း လာနေတုန်းမှာ တပ်က တောင်ယာတွေထဲ ဝင်စိုက်တယ် ပြော တယ်။ ဒါကို ရဲစခန်းသွားပြောလို့တ ရားသူကြီးက ပြောတယ်။ ပြီးတော့ လျှောက်ထားတာကို ပယ်ချတယ်။ လွိုင်လင်ရုံးပြောင်း လျှောက်နိုင်တယ် လို့ ပြောတယ်။ တရားလို တပ်ဘက် ကတော့ ရုံးချိန်း ၄ ခါရှိပြီ။ တစ်ခါမှ လာတာ မတွေ့ရဘူး။ ကျွန်တော်တို့ ဒုက္ခရောက်တယ်”ဟု ပြောဆိုခဲ့ သည်။
.
ခိုလမ်မြို့အခြေစိုက် ခလရ (၆၆) မှ တပ်မြေအတွင်း ကျူးကျော်ဝင် ရောက် စိုက်ပျိုးသည်ဟုဆိုကာ တောင်သူ ၄၇ ဦးကို တရားစွဲဆိုထား ခြင်းဖြစ်ပြီး အဆိုပါ တရားစွဲဆိုခံရသူ တောင်သူများတွင်အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများ ပါဝင်နေခြင်း၊ ဖျားနာ နေသူများရှိခြင်း၊ အုပ်စုလိုက် သွားလာရသဖြင့် အချိန် ကုန်၊ ငွေကုန် ခြင်း၊ စိုက်ပျိုးရာသီဖြစ်သည့်အတွက် အလုပ်အကိုင် ပျက်ခြင်းတို့ကြောင့် ကိုယ်စားလှယ်ဖြင့် တရားရင်ဆိုင် နိုင်ရေး တင်ပြ လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လျှောက်ထားချက်ကို နမ့်စန်မြို့နယ် တရားရုံးမှ ပယ်ချခဲ့ ခြင်း ဖြစ်သည်ဟု သိရသည်။
.
တောင်သူတွေ အရမ်းအခက် အခဲဖြစ်ရတယ်။ ရှေ့နေနဲ့ညှိပြီး လွိုင် လင် ခရိုင်တရားရုံးကို ဆက်တက်ဖို့ ပြောထားတယ်။ အမှုတွဲမှာလည်း တပ်က တင်တဲ့အချက်တွေမှာ မြေ သိမ်းထားတယ်ဆိုတဲ့ ပုံစံ (၁၀၅) က အခု ခိုလမ်က မြေ နေရာအတွက် မ ဟုတ်ဘူး။ ဟိုဘက်က ပုံစံ (၁၀၅) အ လွဲနဲ့ တင်ထားတာတွေ့ရလို့ လိုအပ် တာမှန်သမျှ အားလုံး ကူညီပေးနေ ပါတယ်”ဟု အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ၊ နမ့်စန်မြို့နယ် ဥက္ကဋ္ဌ ဦး နေဇော်နိုင်က ပြောသည်။
.
အဆိုပါ တောင်သူ ၄၇ ဦးအား ခိုလမ်နယ်မြေရဲစခန်းတွင် (ပ)၃၁/ ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၄၄၇ ဖြင့် အမှု ဖွင့်၍ ဇွန်လ ၉ ရက်၌ နမ့်စန်မြို့ နယ် တရားရုံးသို့ တရားစွဲ တင်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်တွင် တရား ရုံးချိန်း ထပ်မံ ခေါ်ယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats