ကာလိတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကာလိတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့ကွက်သစ်တွင် ဇူလိုင်လ ၂၈ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၈ ရက်၊ နေ့လယ်ပိုင်းက ကာလိမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့ကွက်သစ်၊ ရုံးကြီးလမ်းနေ မခိုင်မြင့်လွင် (ခ) အားကျိမ်း၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရပြီး နေအိမ် အိပ်ခန်းနှင့် အိမ်သာခန်းအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ ပြားနှင့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ စုစုပေါင်း ၂၅၀၀ ပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ မခိုင်မြင့်လွင်(ခ)အားကျိမ်း အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
.

Journal Download

Photo of three cats