ကာလိတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 6, 2020

ကာလိတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ယနေ့ ဇူလိုင်လ ၆ ရက်၊ နံနက်ပိုင်းက စိတ်ကြွ ရူးသွပ် ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကာလိမြို့နေ ဇော်ဦး ၏ နေအိမ်အား ဝင်ရောက်စစ်ဆေး ရှာဖွေရာ ၎င်းနေအိမ်၏မီးဖိုချောင် အပြင်ဘက် တံစက်မြိတ်ဝါးလုံးခေါင်း အတွင်း အပြာရောင် ပလပ်စတစ်ကပ်ခွါအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူး သွပ်ဆေးပြား ၁၀၇ ပြား၊ R  စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၀ ပြား၊ စုစုပေါင်း ၁၈၇ ပြား၊ အလေးချိန် ၁၆ ဒသမ ၈၃ ဂရမ်ခန့်ပါ ၁ ထုပ်အား အနက်ရောင်ကြွပ်ကြွပ်အိတ်စဖြင့် ပတ်လျက် ဝှက်သိမ်းထားသည်ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ တရားခံ ဇော်ဦး အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats