မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်ကျေးရွာတွင်
ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းပေါက်ကွဲမှု ကြောင့် ကလေးငယ် တစ်ဦး သေဆုံး၍
၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
နေအိမ်တွင် လူကြီးများမရှိစဉ် အိမ်၊ ရေတွင်းနှင့် အိမ်သာအကြားတွင်
ကလေးများ ဆော့ကစားရာမှ ပေါက် ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကလေးတွေ မိုင်းကို ဘယ်လိုတွေ့ပြီး ဘယ်လိုကွဲလဲ ဆိုတာတော့ မသိကြဘူး”
ဟု ကွတ်ခိုင်မြို့နယ် တအာင်း အမျိုးသမီးတာဝန်ခံ ဆရာမ ဒေါ်ခမ်းမတ်က ပြောသည်။
.
အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ဒဏ်ရာရရှိခဲ့သည့်အနက်
ဦးခေါင်းအနောက်ဘက်တွင် ဒဏ်ရာရရှိသည့် မကိန်ခမ်း (၅ နှစ်) သည် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှု
ခံယူနေစဉ် ယင်းနေ့ည ၉ နရီ ၄၀ မိနစ်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
“ဆုံးသွားတဲ့ကလေးကို ရွာအပြင်မှာပဲ မိုးကာတဲနဲ့ ထားပါတယ်။ နာရေးတော့
မချသေးပါဘူး။ သူ့မိဘတွေက မိုင်းလားမှာ အလုပ်သွားလုပ်နေတဲ့အတွက် သူတို့ပြန်လာတဲ့အထိ
စောင့်ဦးမှာပါ” ဟု အဆိုပါ သေဆုံးသူ ကလေးငယ်၏ နာရေးသို့ ရောက်ရှိနေသည့် ကွတ်ခိုင်မြို့နေ
ဒေသခံတစ်ဦးက ပြောသည်။
.
ပေါက်ကွဲမှုမှ ဦးခေါင်းဝဲဘက်ခြမ်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်
မငွေစင်အောင် (ခ) မအေးလောင်၊ ခြေထောက် ၂ ဘက် ဒဏ်ရာ ရရှိသူ ၎င်း၏မောင်ဖြစ်သူ မောင်ကျော်ထွန်းနှင့်
ဝဲဘက်နံရိုး ဒဏ်ရာ ရရှိသူ မောင်အောင်နိုင်တွင် ၃ ဦးအား ကွတ်ခိုင်ဆေးရုံမှ လားရှိုးဆေးရုံသို့
ဆက်လက်လွှဲပြောင်း ဆေးကုသမှု ခံယူ စေလျက်ရှိပြီး ဒဏ်ရာမပြင်းထန်သည့် ကျောဘက်တွင် ရှပ်မှန်ဒဏ်ရာရရှိသူ
စိုင်းခမ်းနှင့် ဂုတ်တွင် ရှပ်ထိဒဏ်ရာ ရရှိသူ ခမ်းလောင်တို့ ၂ ဦးအား ကျေးရွာ၌ပင် ဆေးကုသမှု
ပေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment