ကွန်ဟိန်းမြို့နယ်ရှိ ကွန်အော်ရေတံခွန်ကို ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွန်ဟိန်းမြို့နယ်ရှိ ကွန်အော်ရေတံခွန်ကို ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စီစဉ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ကွန်အော်ရေတံခွန်ကို လာမည့် ပွင့်လင်း ရာသီတွင် ခရီးသွားလုပ်ငန်းတစ်ခု အဖြစ် ဖော်ဆောင်ပေးရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။
.

.
လောလောဆယ်တော့ Survey ဆင်းတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဟိုက် ပါကတော့ မလုပ်နိုင်သေးဘူး။ နေ့ ချင်းပြန် သဘောမျိုးပဲ သွားကြည့်လို့ ရပါတယ်။ ဟိုက်ပါ နယ်မြေကို ယူ ထားတဲ့ အဖွဲ့တွေက NCA မထိုးရသေး ဘူး။ ဒီဘက်  ကွန်အော်ရေတံခွန်က အရင်တုန်းက ပြည့်သူစစ်အဖွဲ့တွေ နေတဲ့ ဧရိယာပေါ့။ အဲဒီခေါင်းဆောင် တွေနဲ့ ပြီးခဲ့တဲ့ တစ်ပတ် ကျော် လောက်က ရှမ်းပြည်နယ် ဝန်ကြီးတွေ နဲ့ သွားရောက် တွေ့ဆုံခဲ့ပြီး ခရီးသွား လုပ်ငန်းရော၊ တခြား စီးပွားရေး လုပ် ငန်းရော လုပ်ချင်တယ်ပြောတော့ ဝန် ကြီးတွေကလည်း လိုအပ်တာ ပံ့ပိုး ပေးမယ် ပြောတယ်။ ပံ့ပိုးပေးပြီး အဲဒီ ဒေသကို ခရီးသွား လုပ်ငန်းအတွက် ဝိုင်းဝန်းလုပ်မှာပေါ့” ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ဦးထင်အောင်လှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကွန်အော်ရေတံခွန်တွင် ခရီးသွားလုပ်ငန်း အပါအဝင် အခြား စီးပွားရေး လုပ်ငန်းများ၊ ရေအားလျှပ် စစ် ထုတ်မည့် လုပ်ငန်းများအတွက် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ပူး ပေါင်းပါဝင် ဆောင်ရွက်သွားရန် ရှိနေ ပြီး COVID-19 ကာလအလွန်တွင် ဒေ သတွင်း ခရီးသွား ဧည့်သည်များနှင့် နိုင်ငံတကာ  ခရီးသွားဧည့်သည်များ လာရောက်ရန် မျှော်မှန်းထားကြောင်း ၎င်းထံက သိရသည်။
.
အခု လောလောဆယ်တော့ အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့ ရေတံခွန်ကို သွားလာရအောင် လမ်းတွေ ဖောက်ဖို့အတွက် ပြည်နယ်အစိုးရက ဘတ်ဂျက် ချပေးတာတွေ ရှိတယ်။ တခြား အဆောက်အဦတွေ ဖြစ် လာတဲ့အခါမှာ တည်းခိုဖို့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ လက်ရှိ ရှိပြီးသားတွေကို အဆင့်မြှင့်တင်ပြီဟိုတယ် လိုင်စင်လျှောက်ဖို့ ပြောခဲ့တာတွေရှိ တယ်။ စားသောက်ဆိုင်နဲ့ ပတ်သက် ပြီး ရိုးရာ အစားအစာ လုပ်တဲ့ဟာ တော်တော်လေး ကောင်းပါတယ်။ လူသိ နည်းတယ်။ နိုင်ငံခြားသားတွေ ကြိုက်မယ့် အနေအထားမျိုးကို မွမ်း မံ သင်တန်းလေးတွေ ပေးရမယ်။ Local တွေ လာရင်လည်း သွားလာ ရေး အဆင်ပြေအောင် အခြေခံအ ဆောက်အဦတွေ လုပ်ရမှာပေါ့”ဟု ဦးထင်အောင်လှိုင်က ဆက်လက် ပြောဆိုခဲ့သည်။
.
ယခု ကာလသည် မိုးတွင်းကာ လဖြစ်သည့်အတွက် ပွင့်လင်း ရာသီ ဖြစ်သော အောက်တိုဘာ ၊နိုဝင်ဘာ လခန့်တွင် စီစဉ်ထားပြီး မြန်မာပြည် တွင် အင်းလေးကန်သည်လည်း နိုင်ငံ တကာ ခရီးသွားဧည့်သည်များ အ တွက် အဓိက တစ်ခု ပါဝင်ဖြစ်သည့် အတွက် အင်းလေးကန်မှ ကျိုင်းတုံ၊ တာချီလိတ် ဘက်သို့ ကားဖြင့် သွား လာနိုင်ရန် အတွက် ခရီးသွား ကုမ္ပဏီ များနှင့် ခရီးသွား လုပ်ငန်းလုပ်ဆောင် ရန် အမျိုးသား ခရီးသွား ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္မတ ဦးဆောင်သော အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံထားကြောင်း သိရသည်။
.
အင်းလေးဒေသ ကနေပြီးတော့ ကျိုင်းတုံ၊ တာချီလိတ် ဘက်ကို သွား မယ်ဆိုရင် ကွန်ဟိန်းကို ညအိပ် သွား လည်တာတို့ ဒီလိုပုံစံမျိုးနဲ့ ခရီးသွား လုပ်ငန်းကို လုပ်သွားမှာပါ။ ဒါက ခရီး သွားလုပ်ငန်း တစ်ခုပေါ့။ အဓိက က တော့ အကြောင်း အမျိုးမျိုးကြောင့် အဲ ဒီ ဒေသက မငြိမ်းချမ်းခဲ့တဲ့ ဟာတွေ ကို ဒီဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး အတွက် ရည်ရွယ်တာပေါ့”ဟု ဦးထင် အောင်လှိုင် မှ ပြောသည်။
.
ရှမ်းပြည်နယ်တွင် ခရိုင် ၄ ခု နှင့် မြို့နယ် ၁၀ ခုတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အတွက် ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များပါဝင် သော ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ကော် မတီ အဖွဲ့ဖွဲ့စည်းသွားရန် စီမံ ဆောင် ရွက်နေကြောင်း သိရသည်။
.

Journal Download

Photo of three cats