ပဋိပက္ခ ဖြစ်စဉ် တစ်ခုတိုင်း ဝန်ထုပ်ဝန်ပိုးများကို ပြည်သူသာ ခံစားနေရကြောင်း JMC ဥက္ကဋ္ဌ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

ပဋိပက္ခ ဖြစ်စဉ် တစ်ခုတိုင်း ဝန်ထုပ်ဝန်ပိုးများကို ပြည်သူသာ ခံစားနေရကြောင်း JMC ဥက္ကဋ္ဌ ပြော


မင်းမင်း
.
ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC- U)၏ ၁၉ ကြိမ်မြောက် အစည်းအဝေး ကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပစ် ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပဋိပက္ခတစ်ခုဖြစ်တိုင်း ဝန်ထုတ်ဝန်ပိုးကို ပြည်သူများသာခံ စားရပြီး ပဋိပက္ခများ ကြာလာသည် နှင့်အမျှ မြေပေါ်၊ မြေအောက် သယံ ဇာတများ ထုတ်ယူသုံးစွဲခြင်းက ဂေ ဟစနစ်များကို ပျက်စီးစေခဲ့ကြောင်း ပြောဆိုခဲ့သည်။
.

.
"ပဋိပက္ခတွေကို ပြန်ကြည့်တဲ့ နေရာမှာ ဘာသာရေးကို အခြေခံ တာတွေ ရှိတယ်။ လူမျိုးရေးကို အခြေ ခံဖြစ်တာ တွေရှိတယ်။ ပဋိပက္ခတွေ ဖြစ်ပြီဆိုတာနဲ့ ပဋိပက္ခရဲ့ ဝန်ထုပ် ဝန်ပိုးကို ခံစားရတာ ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ပဋိပက္ခတွေ ကြာလာ တာနဲ့အမျှ အသက်ဆက်နိုင်ဖို့ မြေ ပေါ်၊ မြေအောက် သယံဇာတတွေ၊ ထုတ် ယူ သုံး စွဲတာတွေ ရှိတယ်။ ဂေဟ စနစ်တွေ ပျက်စီးတာတွေရှိတယ်။ ဒါတွေဟာကလည်း ပဋိပက္ခရဲ့ ဝန် ထုတ်ဝန်ပိုးကို ခံစားရတာဖြစ်ပါ တယ်။ ဒါကြောင့် NCA ထိုးပြီးတဲ့ နောက်ပိုင်းမှာ ဆိုရင် ဖွဲ့စည်းထားတဲ့ UPDJCJMC တွေ ဖွဲ့စည်းဆောင် ရွက်ခဲ့လို့ လက်မှတ်ထိုးထားတဲ့ ဧရိ ယာတွေမှာ ပဋိပက္ခတွေ နည်းသွား တယ်။ ပြည်သူလူထု ခံစားရတဲ့ ဝန် ထုပ်ဝန်ပိုးတွေ လျှော့ချနိုင်တယ်။ အဓိကအားဖြင့် အဲ့ဒီ ဒေသမှာရှိတဲ့ သယံဇာတတွေကိုလည်း လုပ်ထုံး လုပ်နည်းနဲ့ အညီ ထုတ်ယူနိုင်အောင် စနစ်တကျ ဆောင်ရွက်လာတာတွေ တွေ့ရတယ်”ဟု ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်  ရေးကော်မတီ (JMC-U) ဥက္ကဌ ဒု တိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် သယံဇာတမရှိသည့် နေရာများတွင် ပဋိပက္ခအသက်ဆက် နိုင်ရန်အတွက် မူးယစ်ဆေးဝါး ထုတ် လုပ်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်း ဝယ် ဖြန့်ဖြူးခြင်းများကိုလည်း တွေ့ ကြုံနေရသည် ဖြစ်သော်လည်း လက် မှတ်ရေးထိုးထားသည့် ဧရိယာများ အတွင်း နှစ်ဘက်ညှိနှိုင်းပြီးမှ ယင်း ပြဿနာများကို ဖြေရှင်း ခဲ့သော ကြောင့် ပြဿနာများ လျော့ကျလာ သည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့ ဖြစ်လာရ ခြင်းမှာ NCA လက်မှတ် ရေးထိုးခြင်းမှ ရရှိလာသည့် ရလဒ်ဟု ဆိုရမည် ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောဆိုခဲ့သည်။
.
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော် မတီ JMC-Uသည် NCA စာချုပ်ပါ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်ရသည့် အတွက် စောင့်ကြည့်ရေး လုပ်ငန်း စဉ်များ ပိုမိုပီပြင်စွာ ဆောင်ရွက်နိုင် ရန် ပဋိပက္ခ ဖြစ်ပွားနိုင်သည့် နယ်မြေ ဒေသများတွင် စောင့်ကြည့်မည့် ဒေသခံ အရပ်သား စောင့်ကြည့်သူ (Local Civilian Monitors – LCM)များ ဖွဲ့စည်း ဆောင်ရွက်သွားနိုင်ရေးအ တွက် JMC-U ၏ ၁၀ ကြိမ်မြောက်၊ ၁၇ ကြိမ်မြောက်နှင့် ၁၈ ကြိမ်မြောက် အစည်းအဝေးတို့တွင် သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ထားရှိခဲ့ကြ ကြောင်း သိရှိရပြီး ထိုသို့ ဖွဲ့စည်းမှ သာလျှင် ပဋိပက္ခ ဒေသရှိ ပြည်သူလူ ထုကို အကာအကွယ်ပေးနိုင်ခြင်းနှင့် NCA စာချုပ် ချိုးဖောက်မှု များအား စောင့်ကြည့်ခြင်းတို့ကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရှိရသည်။
.
အဆိုပါ အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ လျာထားရေးဆွဲနိုင်ရေး JMC-U ရုံးအဖွဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ရာထူးနေရာအ တွက် အတည်ပြုခန့်အပ်ခြင်း၊ ဒုတိယ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ရာထူးနေရာအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အဆိုပြု ခန့်အပ်ရေး၊ JMC တွင် အ တည်ပြု ပြဌာန်းထားပြီ ဖြစ်သော လုပ်ငန်း လမ်းညွှန်နှင့် လုပ်ထုံးလုပ် နည်းများကို လိုအပ်ပါက ပြန်လည် သုံးသပ် နိုင်ရေး၊ JMC အတွင်း Bilateral တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်နိုင်ရန် အစီအမံများ ရေးဆွဲနိုင် ရေး၊ JMC-S အစည်း အဝေးများ ပုံ မှန်ပြန်လည် ကျင်းပ ပြုလုပ်နိုင်ရေး၊ ဒေသခံအရပ်သားစောင့်ကြည့်သူများ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခြင်း၊ JMC အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ်များ မျက် နှာစုံ ညီအစည်းအဝေးများမှ မူဝါဒ တောင်းခံလာသော အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆွေးနွေးခြင်း နှင့် နောက်တစ်ကြိမ် ပြုလုပ်မည့် JMC-U အစည်းအဝေးအတွက် နေ့ ရက်နှင့် နေရာ သတ်မှတ်ခြင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးသို့ JMC-U ဥက္က ဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိ ယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက် ဖိုး (KNU)၊ ဒုတိယဥက္ကဋ္ဌ (၂) သိက္ခာ တော်ရဆရာတော် စောမက်သယူး အေး၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သော ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိ ယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့် (ငြိမ်း)၊ ဗိုလ်မှူးကြီး စောအောင် ကောင်းရွှေ (KNU-KNLA-PC)၊ ဗိုလ် မှူးကြီး စောကျော်သန်းဌေး (DKBA)၊ ဒုတိယ ဗိုလ်မှူးကြီးခွန်အောင်မန်း (PNLO)၊ ရဲဘော်ဆလိုင်းယောအောင် (ABSDF)၊ ဗိုလ်မှူးကြီး ခိုင်စောမြ (ALP)၊ ဗိုလ်မှူးကြီး ဆောင်းဟန် (RCSS)၊ ဗိုလ်မှူးချုပ် ဗညားချမ်းနွန် (NMSP) ၊အရပ်သား ကိုယ်စားလှယ် များ ဖြစ်ကြသော ဦးစိုင်းမျိုးသန့်၊ ဦးမောင်မောင်ငြိမ်း၊ ဦးကိုကိုကြီး၊ ဦးပြည့်စုံ၊ သူရဦး ဘိုနီနှင့် JMC-U အတွင်းရေး မှူး(၁) ဒေါက်တာရွှေခါးရ် (CNF)၊ အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ JMC-TSC ရုံးအဖွဲ့မှ အ လုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှနှင့် ဝန်ထမ်းများ တက် ရောက်ခဲ့သည်။
.
အဆိုပါ အစည်းအဝေးသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ၁၈ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး ကျင်းပ ပြု လုပ်ခဲ့ပြီးနောက် ၁ နှစ် နှင့် ၁၀ လ တာ ကာလအတွင်း ပထမဆုံးပြန် လည်ကျင်းပသော အစည်းအဝေး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About