တောင်ကြီးတွင် အချုပ်သား ၂ ဦး ထွက်ပြေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

တောင်ကြီးတွင် အချုပ်သား ၂ ဦး ထွက်ပြေး


.
တောင်ကြီးနယ်မြေရဲစခန်းမှ အချုပ်သား ၂ ဦး ယနေ့ (ဇူလိုင်လ ၁၃ ရက်)တွင် ထွက်ပြေးသွားကြောင်း သိရသည်။
.
ထွက်ပြေးသွားသည့် အချုပ်သားများမှာ အသက် ၃၄ နှစ်အရွယ် အောင်ဇော်ဦး၊ အသက် ၃၅ နှစ်အရွယ် ဇော်မိုးထွေးတို့ ဖြစ်ကြောင်း သိရသော်လည်း အခြား အသေးစိတ် အချက်အလက်များအား မသိရှိရသေးချေ။
.
ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေ ရဲစခန်းအား ကမ္ဘောဇတိုင်းမှ သွားရောက် မေးမြန်းရာတွင် ထွက်ပြေးမှုမှာ မှန်ကန်ကြောင်းနှင့် လတ်တလောတွင် လူကြီးများ မရှိ၍ မဖြေနိုင်ကြောင်း ပြန်လည် ပြောကြားခဲ့သည့် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးသို့ ဆက်သွယ် မေးမြန်းရာတွင်လည်း ဖုန်းကိုင် ဖြေကြားခဲ့ခြင်း မပြုချေ။

No comments:

Post a Comment

Journal Download

Photo of three cats

About