မင်းမင်း
.
လာမည့် နိုဝင်ဘာလ ၈ ရက် တွင် ကျင်းမည့် ပြည်လုံးကျွတ် ပါ
တီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ အနေဖြင့်
တောင် ကြီးနှင့် ညောင်ရွှေမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ် ပြိုင်
ရွေးကောက်ခံသွား မည်ဖြစ် သည်ဟု သိရသည်။
.
![]() |
ဓါတ်ပုံ - အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ |
.
“လာမယ့်
ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အင်းအမျိုးသား အ ဖွဲ့ချုပ်ပါတီ အနေနဲ့ကိုယ့် တိုင်းရင်းသား လူမျိုး တွေရဲ့ ဌာနေဒေသ ဖြစ်တဲ့ ညောင်ရွှေမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တစ်နေရာ၊ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာနဲ့ အင်း တိုင်းရင်းသား
လူမျိုးရေးရာ ဝန်ကြီး တစ်နေရာ အတွက် ဝင် ရောက်ယှဉ်ပြိုင်သွားမယ်။ တောင်ကြီးကတော့
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာပဲ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်”ဟု
အင်းအမျိုးသားအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
အင်းတိုင်းရင်းသားများ၏ အကျိုးစီးပွားကို စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်အတွက် အင်းသား တိုင်း ရင်းသား ကိုယ်စား ပြု နိုင်ငံရေး
ပါတီများ ရှိရန် လိုအပ် သောကြောင့် အင်းအမျိုးသားအဖွဲ့ ချုပ် ပါတီကို
တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီကို တည်ထောင်သည်
မှာ ၇ လ ခန့်သာ ရှိသေးပြီး လက်ရှိတွင် ဌာနေ တိုင်းရင်းသားများ
အတွက် အကျိုးပြု ပရဟိတလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆက်
လက်ပြောဆိုခဲ့သည်။
.
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အင်းအမျိုးသား
အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် လောင်းများ အနိုင်ရရှိ ရွေးချယ် တင်မြှောက်ခံရပါက
အင်း တိုင်း ရင်းသား လူမျိုးများ၏ တိကျသော သမိုင်း အထောက် အထားများကို ဖော်ထုတ်၍
မှတ်တမ်း ပြုစုပေး သွားမည် ဖြစ်ပြီး အင်းလေးကန် သမိုင်းကိုလည်း မှတ်တမ်းပြုစုသွားမည် ဖြစ်ကြောင်းနှင့် အင်းလေး ကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်း များကို
ဌာနဆိုင်ရာများ၊ ဌာနေ တိုင်းရင်းသားများနှင့် ညှိနှိုင်း ပေါင်းစပ်
ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဦးအောင်ကြည်ဝင်းက ပြော သည်။
.
ထို့အပြင် အင်းသားတိုင်းရင်း သားလူမျိုးစု အရေး ဆောင်ရွက်
နိုင်ရန်အတွက် တိုင်းရင်းသား လူ မျိုး လွှတ်တော်ကိုယ်စားလှယ် နေ ရာအား ဌာနေ
တိုင်းရင်းသား ပါတီ များမှ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်မည်ဟု ယူဆပြီး
ယခုလက်ရှိ အင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး မှာ အခြားပါတီမှ ဖြစ်သည့် အတွက်
၎င်းတို့ပါတီ၏ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်နေရသည် ဖြစ်ရာ
အင်းသားတိုင်းရင်း သားလူမျိုး ရေးရာများကို ကျယ်ပြန့်စွာ ဆောင် ရွက်နိုင်ခြင်း
မရှိသဖြင့် အင်း တိုင်း ရင်းသား လူမျိုး ရေးရာ ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်
ရွေးချယ် ခံခြင်း ဖြစ်ကြောင်း ၎င်းထံက သိရ သည်။
.
၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေး
ကောက်ပွဲများတွင် ညောင်ရွှေ မြို့နယ် အတွင်းရှိ ပြည်သူ့လွှတ် တော်၊ ရှမ်းပြည်နယ်
လွှတ်တော် မဲဆန္ဒနယ် ၂ နေရာနှင့် အင်းတိုင်း ရင်းသား ရေးရာ ဝန်ကြီး နေရာများ
အားလုံးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရရှိ ထားခြင်း ဖြစ်သည်။
.
No comments:
Post a Comment