စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ် အတွင်းမှ
ထွက်ရှိသည့် ပလတ်စတစ် စွန့်ပစ် အမှိုက်များကို အင်းလေး နှင်းဆီကုမ္ပဏီမှ
နှစ်ဦးနှစ်ဘက် သင့်တင့်သည့် ဈေးနှုန်းဖြင့်ဝယ် ယူကာ ပြန်လည်သန့်စင်ခြင်း လုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်သည် ဟု သိရသည်။
.
.
အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်အတွင်း အမှိုက်နှင့်
မိလ္လာသိမ်း ဆည်းရေးလုပ်ငန်း ဆောင်ရွက်နေ သည့် အင်းလေးနှင်းဆီ ကုမ္ပဏီအနေ ဖြင့်
ကလောမြို့နယ်တွင် ဆောင်ရွက် နေသည့် One State One Township အစီအစဉ်အရ ယင်းကဲ့သို့ ဆောင် ရွက်ခြင်းဖြစ်သည်ဟု
အင်းလေး နှင်း ဆီ ကုမ္ပဏီ တည်ထောင်သူ ဦးဘုန်း မြင့်ဝင်းထံက သိရသည်။
ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊
ကလောမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်း ထိုက်၊ ညောင်ရွှေနှင့်
ကလောမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာ ဝန်ရှိသူများ ဇူလိုင်လ ၂၁ ရက်က
ညောင်ရွှေမြို့ရှိ အမှိုက်မီးရှို့စက်၊ အမှိုက် သန့်စင်နေလှမ်းကွင်းနှင့် နန္ဒ
ဝန်ရပ်ကွက်ရှိ အင်းလေးနှင်းဆီစက် ရုံများသို့ လာရောက်လေ့လာ ပြီး နောက် ယင်းကဲ့သို့
ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
.
“ဈေးနှုန်းကတော့
မသတ်မှတ် ကြသေးပါဘူး။ အောင်ပန်းက အဓိက ဖြစ်မယ်။ ပွဲရုံတွေလည်းများတယ်။ သူတို့ကတော့
ပွဲရုံတွေက ထွက်တဲ့ သဘာဝ အမှိုက်ကို သဘာဝ မြေဩ ဇာ လုပ်ဖို့လည်း ဆွေးနွေးကြတယ်။
ပလတ်စတစ်ကတော့ ညောင်ရွှေကို သွင်းဖို့ လုပ်ဆောင်သွားမယ်လို့ ပြော တယ်။
စွန့်ပစ်အမှိုက်တွေ၊ ပလတ် စတစ် အမှိုက်တွေကို ပြန် လည်အသုံး ပြုတာနဲ့ မီးရှို့တာကို
ကွင်းဆင်း လေ့ လာ သွားကြပါတယ်”ဟု ဦးဘုန်းမြင့် ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညောင်ရွှေ အင်းလေးနှင်းဆီ ကုမ္ပဏီသည် အမှိုက်သိမ်းဆည်းရေး
လုပ်ငန်းများတွင် အမှိုက်ခွဲခြား စွန့် ပစ်ရေးအတွက် သဘာဝအမှိုက်စိုနှင့် လူလုပ်
အမှိုက်များကို ခွဲခြား စွန့်ပစ် စေသည့် နည်းလမ်းများအပြင် ပ လတ်စတစ်အိတ်
ရောင်းချကာ ၎င်း အိတ်ဖြင့် အမှိုက်စွန့်ပစ်စေခြင်းဖြင့် လူထု အဆင်ပြေစေသည့် နည်း
လမ်းများကို ရှာဖွေ လုပ်ဆောင်နေ သည့်အပြင် သဘာဝ အမှိုက်များမှ မွေးမြူရေး
အစာတောင့် ထုတ်လုပ် နိုင်ရေးအတွက် လေ့လာလုပ်ဆောင် နေလျက်ရှိကြောင်း ၎င်းထံက သိရ
သည်။
.
“ညောင်ရွှေက
စားသောက်ဆိုင် နဲ့ ဟိုတယ်တွေက ထွက်ရှိတဲ့ စား ကြွင်း စားကျန်တွေကို သန့်စင်ပြီး
ဖွဲနုနဲ့ အသီးအရွက်တွေ ပေါင်းစပ် ထုတ်လုပ်တဲ့ နည်းပညာနဲ့ လုပ် ဆောင်သွားဖို့
လေ့လာနေပါတယ်” ဟု ဦးဘုန်းမြင့်ဝင်းက ဆိုသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောင်ပန်းမြို့အုပ်ချုပ်ရေးမှူး
ဦးမြင့် ဇော်က အောင်ပန်းမြို့ သန့်ရှင်းရေး ကော်မတီမှ ရပ်ကွက် ၈ ခုတွင် ပ လတ်စတစ်
အမှိုက် သီးခြားစွန့်ပစ် ရေး ဆောင်ရွက်နေပြီး လာမည့် ဩ ဂုတ်လတွင် လုပ်ငန်း
စတင်နိုင်မည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
.
“ကားဝင်နိုင်တဲ့
အိမ်ခြေ ၂၀၀၀ ကို လက်ကမ်း စာစောင်တွေဝေမယ်။ ပလပ်စတစ် အမှိုက်ထည့်ဖို့ မြွေရေ
ခွံအိတ်တွေ ဝေမယ်။ အဲဒီအိတ် တွေ ပေါ်မှာ အောင်ပန်းမြို့သန့်ရှင်းရေး ကော်မတီနဲ့
ဖုန်းနံပါတ်၊ တနင်္ဂနွေ နေ့တိုင်း အမှိုက်သိမ်းမည် ဆိုတဲ့ စာ သားကို
ရိုက်နှိပ်ထားပါမယ်။ ပလတ် စတစ်စွန့်ပစ်မှုအတွက် ငွေကောက် ခံခြင်း မပြုပါဘူး။ တစ်လ
စုပြီးမှ ညောင်ရွှေက လာယူဖို့ဆက်သွယ်ပါ မယ်”ဟု အောင်ပန်းမြို့သန့်ရှင်းရေး
ကော်မတီဥက္ကဌ ဦးညွန့်ကို က ပြော သည်။
.
အောင်ပန်းမြို့တွင် မြို့ပေါ်ရပ် ကွက် ၁၂ ရပ်ကွက် ရှိရာ
ယခုပလတ် စတစ် အမှိုက်စွန့်ပစ်မှုလုပ်ငန်းကို ရပ်ကွက် ၈ ခုတွင် စတင်လုပ်ဆောင်
မည်ဖြစ်ပြီး ကျန် ရပ်ကွက်များကို လည်း ဆက်လက် လုပ်ဆောင်သွား ရန်ရှိသည်ဟု သိရသည်။
.
No comments:
Post a Comment