မော်မော်
.
ညောင်ရွှေမြို့အခြေစိုက် တိုင်း ရင်းသား နိုင်ငံရေးပါတီတစ်ခု
ဖြစ် သော အင်းအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်
ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ် အပါအဝင် မဲဆန္ဒနယ်
၃ ခု၌ ဝင် ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ် သည်ဟု သိရသည်။
.
.
“၃ နေရာ ဝင်ပြိုင်ပါမယ်။ ဘယ် နေရာတွေ ဖြစ်မယ် ဆိုတာကတော့
လကုန်မှ ကော်မတီတွေ အစည်း အ ဝေးထိုင်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ညောင်ရွှေမှာ၂
နေရာနဲ့ တစ်ခြားတစ် နေရာ မှန်းထားပါတယ်။ ကျွန်တော် တို့ကတော့ အင်းအမျိုးသား
အဖွဲ့ချုပ် နဲ့ ရှောင်ပြီးတော့ သင့်တော်တဲ့ နေရာ မှာ ဝင်ပြိုင်မှာပါ။ LSSEP ရဲ့ မူအရ
တိုင်းရင်းသား ပါတီတွေ ထိပ်တိုက် မတွေ့ရေး သွားနေပါတယ်။ ကိုယ်စား လှယ်လောင်းတွေက
ရှိပြီးသားပါ” ဟု အင်းအမျိုးသားအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က
ကမ္ဘောဇတိုင်းသို့ပြော သည်။
အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီသည် ၂၀၁၀ ပြည့်နှစ်
အ ထွေထွေ ရွေးကောက်ပွဲက ညောင်ရွှေ မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်
တစ်နေရာ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ၂ နေရာနှင့် အင်းတိုင်းရင်းသား
လူမျိုးရေးရာ ဝန် ကြီး နေရာတို့ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲတွင် မဲ ဆန္ဒနယ် တစ်ခုမှ အနိုင်ရရှိခဲ့ခြင်း မ ရှိဘဲ ညောင်ရွှေမြို့နယ်
အတွင်းရှိ မဲ ဆန္ဒနယ် အားလုံးတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီမှ
အနိုင်ရရှိ ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်တွင် အင်းသား တိုင်းရင်းသားလူမျိုး
အခြေပြု နိုင်ငံ ရေးပါတီ ၂ ခုဖြစ်သော အင်းသား အ မျိုးသား အဖွဲ့ချုပ်ပါတီနှင့် အင်းအမျိုး
သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂ ခု ရှိ နေပြီး လာမည့် ရွေးကောက်ပွဲတွင် မဲ ဆန္ဒနယ်
အချို့၌ ထိပ်တိုက် တွေ့ဆုံ ဖွယ်လည်း ရှိနေကြောင်း သိရသည်။
.
အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၀ ခုနှစ်၊
ဧပြီလ ၂၉ ရက်က နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားခဲ့သည့် နိုင်ငံရေး
ပါတီတစ်ခု ဖြစ်ပြီး ပါတီ အမှတ်စဉ် (၂၇) ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment