စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရှိ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးတွင် နိုင် ငံသား စိစစ်ရေးတ်ပြား
ပြုလုပ် ခြင်း၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်း နှင့် မွေးတိုး စသည့် လဝကဆိုင်ရာ
လုပ်ငန်း များ သွားရောက်လုပ်ဆောင် ရာ၌ ငွေကြေးတောင်းခံမှုများ ရှိနေ သည်ဟု
ဒေသခံများက ဝေဖန်ပြောဆို လျက်ရှိသည်။
.
.
“၁၈
နှစ်ပြည့်လို့ မှတ်ပုံတင်သွား လဲတာ ဝန်ထမ်းတွေက ဆက်ဆံရေး လည်း အဆင်မပြေဘူး။
ပြောတော့ ပိုက်ဆံ မပေးရဘူးဆိုပြီး ၇၀၀၀ တောင်းလို့ ပေးခဲ့ရတယ်” ဟု မှတ်
ပုံတင်ကတ်လည်း သွားရောက်လုပ် ဆောင်ခဲ့သူ ဒေသခံတစ်ဦးက ပြော သည်။
ထို့အတူ အခြား ဒေသခံတစ်ဦး ကလည်း “ဧည့်နိုင်ငံသားကတ် ကိုင်
ဆောင်ရမယ့်သူတွေက ၂ သိန်း၊ ၃ သိန်း ပေးရင် ရတယ်။ တိုင်းရင်းသား တွေက ကတ်တစ်ကတ်
ရဖို့အတွက် ပိုက်ဆံပေးရင်တောင် တော်တော်နဲ့ မရဘူး”ဟု ၎င်း၏အမြင်ကို ပြောဆို
ခဲ့သည်။
.
ထို့အပြင် တောင်ကြီးမြို့နှင့် သက်ဆိုင်သည့်
လူမှုကွန်ရက်စာမျက် နှာများတွင်လည်း လဝကဝန်ထမ်း များ၏ ဆက်ဆံရေး မကောင်းမွန်မှု၊
ငွေကြေး တောင်းခံမှုများအား ရေး သား ဖော်ပြနေလျက် ရှိပြီး ပြင်းထန် စွာ ဝေဖန်သည့်
မှတ်ချက်များ ရေး သားထားကြသည်ကိုလည်း တွေ့ရ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည်နယ် လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ညွှန် ကြားရေးမှူး ဦးအောင်မြင့်အား
ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် “တရားဝင် တိုင် ကြားရင် အရေးယူ
သွားမှာပါ။ စာနဲ့ သတိပေးခြင်း၊ ရာထူးတို့ကို ကာလ တစ်ခုအထိ သတ်မှတ် ရပ်ဆိုင်းတာ
တို့၊ နှစ် အကန့်အသတ်နဲ့ နှစ်တိုး လစာ ရပ်ဆိုင်းတာ၊ ပြစ်ဒဏ်ကြီးရင် ဝန်ထမ်းအဖြစ်က
ထုတ်ပယ်တာတွေ ရှိပါတယ်။ မှတ်ပုံတင်အသစ် ပြုလုပ် ရင် ၇ ရက်အတွင်း ရပါတယ်” ဟု ပြန်
လည် ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့နယ်၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လဝက)မှ မြို့နယ် ဦးစီးမှူး
ဦးစီးအရာရှိ ဦး ကျော်ကျော်လင်းနှင့် ဝန်ထမ်း ၆ ဦး၊ အကျိုးဆောင် ၁ ဦးတို့အား အဂတိ
လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မှ အဂတိ လိုက်စားမှုဖြင့် ပြီးခဲ့သည့် ဇွန်လ
၁၂ ရက်က တရားစွဲဆိုမှု ဖြစ် ပွားခဲ့ဖူးပြီး လက်ရှိတွင် ဝန်ထမ်း တစ် ဦးနှင့်
အကျိုးဆောင် တစ်ဦးတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချ မှတ်ခဲ့ပြီး
ကျန်သက်ဆိုင်သည့် ဝန် ထမ်းများ ထွက်ပြေးတိမ်းရှောင် နေ ဆဲဖြစ်သည်။
.
No comments:
Post a Comment