ရှမ်းပြည်နယ်၀န်ကြီးချုပ်နှင့် ICRC ကော်မတီအဖွဲ့တို့ တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 19, 2020

ရှမ်းပြည်နယ်၀န်ကြီးချုပ်နှင့် ICRC ကော်မတီအဖွဲ့တို့ တွေ့ဆုံ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင် သန်းမောင်၊ အစိုးရအဖွဲ့အတွင်း ရေးမှူးတို့သည် ဇူလိုင် ၁၅ ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန် ကြီးချုပ်၏ အစည်းအဝေး ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အဖွဲ့နှင့်တွေ့ ဆုံခဲ့ ကြောင်း သိရသည်။
.
ဓါတ်ပုံ - ရှမ်းပြည်နယ်အစိုးရအဖွဲ့
.
ထိုသို့တွေ့ဆုံရာတွင် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မ တီ(ICRC) အဖွဲ့မှ Maxime Zab aloueff က ရှမ်းပြည်နယ် အစိုးရ အဖွဲ့ကို လာရောက် မိတ်ဆက်ရ ခြင်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ် နှင့် မတွေ့မီတွင် ဗမာတိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးဒေါက် တာ အောင်သန်းမောင်နှင့် စတင် တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့ လုပ်ငန်း များကိုလည်း အကြံဉာဏ်ပေးပါ ကြောင်း၊ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် လုပ်ငန်းများ လုပ်ကိုင် ရန် ရောက်ရှိ လာခြင်းဖြစ်ပြီး ရှမ်းပြည် နယ် အစိုးရအဖွဲ့ကို အကြံဉာဏ် တောင်းခံပါကြောင်း၊ ရှမ်းပြည်နယ် တွင် တာဝန်ကျသည့် အပိုင်းကို ဆောင်ရွက်ရပြီး ယခုလို ရှမ်းပြည် နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန် ကြီးချုပ်နှင့် တွေ့ဆုံရသည့် အ တွက် ဝမ်းသာပါကြောင်း၊ ICRC ရုံးအဖွဲ့သည် ရှမ်းပြည်နယ် အ ရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် မ ရှိသေးကြောင်း၊ COVID-19 ရော ဂါကြောင့် ICRC အဖွဲ့အနေဖြင့် အခက်အခဲ ရှိခဲ့ပါကြောင်း၊ COV ID-19 နှင့်ပတ်သက်၍ ကူညီ ဆောင်ရွက်နေမှု များလည်း ရှိပါ ကြောင်း၊ ရှမ်းပြည်နယ် အတွင်း COVID-19 နှင့်ပတ်သက်၍ အကူ အညီ ပေးနေကြောင်း၊ ICRC အဖွဲ့ သည် ပုံမှန်အားဖြင့် အရေးပေါ် ကာ လတွင် တုံ့ပြန်သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အရေး ပေါ် နေရာများတွင် မည်ကဲ့သို့ ကူ ညီ ဆောင်ရွက်ပေးရမည်ကို သိရှိ လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြက် ခြေနီ အသင်းအဖွဲ့များသည်လည်း အလုပ်လုပ်လျက်ရှိပြီး ကြက်ခြေ နီနှင့် ပူးပေါင်း၍ လိုအပ်သည့် နေ ရာများတွင် လုပ်ငန်းများ ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ် အတွင်း မြို့နယ်များ၌ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ရှမ်းပြည်နယ် အ တွင်း မြို့ ပေါ်ရှိ သတ်မှတ်ထားသည့် နေရာများမှလွဲ၍ မည်သည့်နေရာမှ မသွားရန် ပြောကြားထားပါကြောင်း ဆွေးနွေးခဲ့ သည်၊။
.
ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က သီးခြားအ ဖွဲ့များမှလည်း အကူအညီတောင်း ပါက ICRC အဖွဲ့အနေဖြင့် ကူညီ ဆောင်ရွက်ပေးရန်၊ ICRC အဖွဲ့ အနေဖြင့် ကျောက်မဲခရိုင်တွင် ပြည် သူများအတွက် ကူညီဆောင်ရွက် ပေးခဲ့သည်ကို ကျေးဇူး တင်ရှိပါ ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ICRC နှင့် ခေတ် အဆက် ဆက် ပူးပေါင်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အကူအညီများ လိုပါက ရှမ်းပြည်နယ် အစိုးရအဖွဲ့ အပြင် ရှမ်းပြည်နယ်အတွင်းရှိ အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ လည်း ညွှန်ကြားထားပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး အပြန်အလှန် အ မှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
.
အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီ ကော်မတီသည် နှစ်ပေါင်း ၁၅၀ ကျော်တိုင် လက်နက်ကိုင် ပဋိပ က္ခနှင့် အကြမ်းဖက် အခြေအနေ များကြောင့် ဒုက္ခ ရောက်နေသူ များကို ကြားနေကာ၊ ခွဲခြားမှုမရှိ ဘဲ လွတ်လပ်စွာ လူသားချင်း စာ နာ ထောက်ထားမှု အကူအညီ များ ပေးလျက်ရှိပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၈၀ ကျော်တွင် ဝန် ထမ်းအင်အား ၁၆၀၀၀ နီးပါးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats