ချစ်လှ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြိုန့ယ်တွင်
ဇူလိုင်လ ၂၈ ရက်၊ ညနေပိုင်းက တရားမဝင် ဝင်ရောက်လာ သည့် တရုတ်နိုင်ငံသား ၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
သိန္နီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဇူလိုင်လ ၂၈ ရက်၊ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က သိန္နီ မြို့ရှောင်လမ်းမှ စယ်အူကျေးရွာဘက်သို့
တရုတ်နိုင်ငံသားများ သွားရောက်နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ တောစပ်အနီးတွင်
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ တရားမဝင်ခိုးဝင်လာသော တရုတ်နိုင်ငံသား ၇ ဦးအား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားများအား စစ်ဆေးမေးမြန်းရာ ၎င်းတို့သည်
မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ လှေဆိပ်သို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာခဲ့ပြီးနောက်
မူဆယ်မြို့မှ အငှားယာဉ်အား တရုတ်ငွေ ယွမ် ၁၀၀၀၀ ဖြင့် မိုင်းလားမြို့သို့ သွားရောက်ရန်အတွက်
ငှားရမ်းလာခဲ့ခြင်းဖြစ်ကာ သိန္နီမြို့ရှောင်လမ်းအရောက်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား
၇ ဦးအား သိန္နီမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့်ပြီး သိန္နီမြို့မရဲစခန်းမှ
(ပ)၆၅/၂၀၂၀ ဖြင့်အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment