ဟိုပုံးမြို့နယ်တွင် ကျောင်းသူတစ်ဦး အကြိမ် ၆၀ ကျော် သားမယား ပြုကျင့်ခံရသည့် အပြင် မိသားစုမှာလည်း ခြိမ်းခြောက် ခံနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 26, 2020

ဟိုပုံးမြို့နယ်တွင် ကျောင်းသူတစ်ဦး အကြိမ် ၆၀ ကျော် သားမယား ပြုကျင့်ခံရသည့် အပြင် မိသားစုမှာလည်း ခြိမ်းခြောက် ခံနေရ

နန်းဝင်းရီ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ် စု၊ ဝါဆို့ ကျေးရွာတွင် ကျောင်းသူ တစ်ဦးအား ရွာသူကြီးမှ ၄ နှစ်အတွင်း အကြိမ် ၆၀ ကျော် သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး မိသားစုဝင်များမှာလည်း ခြိမ်းခြောက်ခံနေရလျက် ရှိကြောင်း သိရသည်။
.

.
ယင်းအမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဇွန်လ အတွင်းကမှ အသက် ၁၈ နှစ် ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပြီး အဋ္ဌမ တန်းမှ တက္ကသိုလ်ဝင်တန်း ၂ နှစ် တက်နေစဉ် ၄ နှစ်အတွင်း ဝါဆို့ ရွာသူကြီး ခွန်ကျော်လှက အကြိမ် ၆၀ ကျော် အဓမ္မ ပြုကျင့်ကာ မိဘများ၊ မိသားစုများ ပြန်လည် ပြောပြပါက  သတ်မည်ဟု ခြိမ်းခြောက်သဖြင့် အ ဆိုပါ မိန်းကလေးမှာ မိဘထံ ပြန်မ ပြောရဲဘဲ ဇူလိုင်လ ၃ ရက်နေ့တွင် ပေါင်းသတ်ဆေး သောက်ပြီး သေ ကြောင်း ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
“ဒီနေ့တော့ လာကြပြန်တယ်။ ဘယ်လို လာပြောမလဲဆိုတာ မသိ သေးဘူး။ သူတို့ အမျိုးတွေ၊ ရွာကလူ တွေ အကုန်ခေါ်လာကြတာထင်တယ်။ အဲဒီယောက်ျားကဒီရွာကပဲ။ အိမ်ကလည်း နီးတယ်။ ကျေအေးပေးဖို့လည်း မပြောသေးဘူး။ အခုလည်း ကျွန်တော့်အိမ်မှာ ရွာကလူတွေ၊ သူတို့အမျိုးတွေ အကုန်လုံးလာ ကြတယ်။ သူတို့ကတော့ သူတို့သားကို မကျေအေးပေးရင် သမီးလည်း ထောင်ကျမယ်ပြောတယ်”ဟု အမျိုးသမီး ငယ်၏ ဖခင်က ဇူလိုင်လ ၂၄ ရက်တွင် ပြောသည်။
.
“သမီးကို ပြန်ပြောရင် သတ်မယ် လို့ ခြိမ်းခြောက်တယ်။ ပေါင်းသတ် ဆေး သောက်တဲ့အချိန်မှ ကျွန်တော် တို့ သိတာပါ။ သမီးပြောတာကတော့ အကြိမ် ၆၀ ကျော်တယ်တဲ့။ သူတို့ သားကို ကျေအေးပေးဖို့ ခိုင်းတယ်။ သူတို့က ကျွန်တော့်သမီးကို အနိုင် ကျင့်တာပါ”ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အရွယ်မရောက်သေး သည့် မိန်းကလေးငယ်အား ခြိမ်း ခြောက်၍ အလိုမတူဘဲ အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်ခဲ့သူ ခွန် ကျော်လှ (ခ) ကုလားအား ဟိုပုံးမြို့ မရဲစခန်းတွင် (ပ)၆၇/၂၀၂၀၊ ရာကြီး ၃၆၃/ ၃၇၆ ဖြင့် အမှုဖွင့် ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About