ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခွင့် မရသည့် အပေါ် ကျေနပ်မှု မရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 2, 2020

ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခွင့် မရသည့် အပေါ် ကျေနပ်မှု မရှိဟု ဆို

မင်း‌ဇော်မင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဇွန်လ ၂၂ ရက်မှ ၂၅ ရက် အထိ တောင်ကြီးမြို့၊ ရှမ်း ပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ ယင်းလွှတ်တော် အစည်း အဝေးတွင် မေးမြန်းရန် ကြယ်ပွင့်ပြမေးခွန်းများ အချိန်မီတင် သွင်းခဲ့သော်လည်း မေးမြန်းခွင့်မရခဲ့သည့်အပေါ် ကျေနပ်မှု မရှိကြောင်း မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်း လုံက ပြောဆိုခဲ့သည်။
.
.
၎င်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁ ရက်အထိ မိုင်းကိုင်မြို့နယ်၊ လွိုင်ထွမ်း တောင်ပေါ်တွင် NCA လက်မှတ် ရေး ထိုးထားသော RCSS/SSA တပ်ဖွဲ့နှင့် တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားရသည့်အကြောင်းကို သိရှိလို ကြောင်းနှင့် တိုက်ပွဲမဖြစ်အောင် JMC မှ မည်သို့လှုပ်ရှားဆောင် ရွက်ခဲ့ သည်ကို သိရှိလိုကြောင်း ကြယ်ပွင့် ပြမေးခွန်းနှင့် တိုင်းရင်းသားများ၏ စာပေကို အလေးထားသော အား ဖြင့် ရှမ်းပြည်နယ်လွတ်တော် ဆိုင်းဘုတ် တွင် ရှမ်းဘာသာဖြင့် သင့်တော်သည့် နေရာ၌ ထည့်သွင်း ရေးထိုးပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းရန် တင်ပြခဲ့သော်လည်း မေးမြန်းခွင့် မရ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“တိုက်ပွဲကိစ္စကျတော့ စစ်ရေး ကိစ္စဖြစ်လို့ ပြည်ထောင်စု အဆင့်မှ သာ မေးမြန်းသင့်တယ် ဆိုတော့ ကိုယ့်နယ်မြေ မအေးချမ်းတာ၊မေးခွင့် မရတာ မကျေနပ်ဘူး။ ဒါ့အပြင် ရှမ်း လွှတ်တော် ကို ရှမ်းစာနဲ့ မရေးတာက တခြားသူတွေလည်း တောင်းဆိုလာ မှာ ဖြစ်လို့ ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက အကြောင်း ပြန်တယ်။ ရှမ်းပြည်ဖြစ် ပြီး ရှမ်းစာနဲ့ မရေးရတာတွေက ဘဝင် မကျဘူး။ ကျွန်တော်တို့ မွန်ပြည်နယ် လွှတ်တော်ကိုသွားတော့ မွန်ဘာသာ စကားနဲ့ ရေးထိုးထားတာ တွေ့ရ တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေမှာလည်း သူ့တို့ဘာသာ စကား နဲ့ သူတို့ ရေးထိုးနေကြတာ တွေ့ရ တယ်။ ရှမ်းပြည်နယ် လွှတ်တော်ကျ မှ ရှမ်းဘာသာနဲ့ထိုးရဖို့ မေးခွန်း မေးခွင့် မရတာကိုတော့  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအ နေနဲ့  မကျေနပ်ပါဘူး” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း လုံက ပြောသည်။
.
အဆိုပါ မေးခွန်းများ မေးမြန်း ခွင့် မရမှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းလုံက လွှတ်တော်ရုံးသို့ ဆက်သွယ် မေးမြန်း ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်း လုံးဆိုင်က မေးခွန်း(၁)မှာ စစ်ဘက် ရေးရာကိစ္စနှင့် သက်ဆိုင်သဖြင့် ပြည် ထောင်စု အဆင့်တွင်သာ မေးမြန်း သင့်သည်။ မေးခွန်း (၂)မှာ ရှမ်းပြည် နယ် လွှတ်တော်ကို ၂၀၁၇ ခုနှစ် စ တင် တည်ဆောက်စဉ်ကတည်းက ရှမ်းပြည်နယ်အလံ သင်္ကေတ တစ်ခု ဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး ဖြစ်ကြောင်း၊ ရုံးသုံးစာ မြန်မာဘာ သာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာ ဖြင့် လုံလောက်ကြောင်း စာဖြင့် ပြန် လည် အကြောင်းပြန်ကြားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးကို ဇွန်လ ၂၂ ရက်မှ ၂၅ ရက် အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ကြယ်ပွင့် ပြမေး ခွန်း ၃၈ ခု မေးမြန်းခြင်းနှင့် သက် ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်း ဝင် ပုဂ္ဂိုလ်များက ပြန်လည် ဖြေကြား ခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၏ အထက်ပါ မေးခွန်း ၂ ခုမှာ မေးမြန်း ခွင့် မရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About