ကမ္ဘောဇတိုင်း
.
အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး
မဲပေးပြီးပါက မဲရုံကို ညနေ ၄ နာရီ ထက်စောပိတ်ပြီး ဆန္ဒမဲရလဒ်များကို ဖွင့်ဖောက်စစ်ဆေး
ရေတွက်နိုင်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက လွှတ်တော်တွင်
ပြောဆိုခဲ့သည်။
.
.
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့ကို ဇူလိုင်လ ၁၃ ရက်က ကျင်းပရာ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးညွန့်ဝင်းက အထွေထွေရွေး ကောက်ပွဲ ကျင်းပသည့် နေ့ရက် တွင် တစ်နိုင်ငံလုံးမှ
မဲရုံအသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီ မတိုင်မီ
ဖွင့်ဖောက် ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားခြင်း မရှိစေရန်
ညွှန်ကြားချက်၊ စည်းကမ်း ချက်များ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းမှုကို
ဦးသက်ထွန်းက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်
မဲရုံများ ကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရမည်ဖြစ်ပြီး မဲရုံများရှိ
ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး ရာနှုန်းပြည့် ဆန္ဒမဲ ပေးပြီးပါက မဲရုံများကို
ညနေ ၄ နာရီထက်စောပြီး ပိတ်နိုင်ပါကြောင်း၊ ၄ နာရီထက်စော ပြီးပိတ်ပါက ဆန္ဒမဲလက်မှတ် များကို
ရေတွက်ရမည်ဖြစ်ပါကြောင်း၊ မဲရုံကို သာမန်အားဖြင့် ညနေ ၄ နာရီ တိတိအချိန်တွင်
ပိတ်ရမည်ဖြစ်သော်လည်း မဲရုံပရဝုဏ်အတွင်း ရောက်ရှိနေသည့် ဆန္ဒမဲမပေးရသေးသူ များကို
စာရင်းကောက်ယူပြီး အဆိုပါပုဂ္ဂိုလ်များ ဆန္ဒမဲ ပေးခြင်း ပြီးပြတ်လျှင်ပြီးပြတ်ခြင်း
ဆန္ဒမဲ လက်မှတ် ရေတွက်ခြင်းကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင်
မဲရုံများတွင် ညနေ ၄ နာရီ ထက်စော၍ မဲရုံပိတ်ပြီး မဲရေတွက်ခြင်း၊
အချို့သောမဲရုံများသည် ညနေ ၄ နာရီတိတိ အချိန်တွင် မဲရုံပိတ်၍ မဲရေတွက်ခြင်း၊
အချို့သောမဲရုံများသည် ညနေ ၄ နာရီကျော်စေကာမူ ထိုမဲရုံပရဝုဏ် အတွင်း
ရောက်ရှိနေ သည့် ဆန္ဒမဲမပေးရသေးသူများ ဆန္ဒမဲပေးခြင်း ပြီးပြတ်မှ သာ
မဲရုံပိတ်ပြီးမဲရေတွက်ခြင်းများကို သက် ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ
ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မဲရုံတစ်ရုံ နှင့်တစ်ရုံ
မဲရုံပိတ်ချိန် တူညီမှုမရှိနိုင်သလို မဲရေတွက်သည့်အချိန်သည်လည်း
တူညီမှုရှိနိုင်မည် မဟုတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အပြင် သက်ဆိုင်ရာမဲရုံအလိုက် ဆန္ဒမဲပေးခြင်း
ပြီးပြတ်လျှင်ပြီးပြတ်ခြင်း မဲရုံမှူးကိုယ်တိုင် ဖြစ်စေ၊ ၎င်း က တာဝန် ပေးအပ်သည့်
မဲရုံအဖွဲ့ဝင်မှဖြစ်စေ၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံ ကိုယ်စားလှယ်များနှင့်
အများပြည်သူ များ၏ ရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်ဖြစ်ရာ အများပြည်သူများ၏
ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲရေတွက်ခြင်း ဖြစ်၍ ထိုမဲရုံ၏ မဲရလဒ်ကို
သိရှိနေကြ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထွေထွေရွေးကောက်ပွဲကျင်းပသည့် နေ့ရက် တွင်
တစ်နိုင်ငံလုံးမှ မဲရုံ အသီးသီးရှိ မဲရလဒ်များအား ညနေ ၄ နာရီမတိုင်မီ
မဲရလဒ်များအား ပေါက်ကြားစေခြင်း မရှိစေရေး ညွှန်ကြားချက် ထုန်ပြန်ကြေညာပေးရန်
အစီအစဉ်မရှိပါကြောင်း ၎င်းးက ဆက်လက်ပြောဆိုခဲ့သည်။
.
ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ(က)အရ
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ
ဖွင့်လှစ်ထားရမည်ဖြစ်သော်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက
မဲရုံ များကို ညနေ ၄ နာရီထက်စော၍ ပိတ်နိုင်သည်ဟူ၍လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၄၂
ပုဒ်မခွဲ(ခ) တွင် မဲရုံ များကို ညနေ ၄ နာရီတိတိ အချိန်တွင် ပိတ်သည့်အခါ
မဲရုံမပိတ်မီ မဲရုံပရဝုဏ် အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရ သေးသူများရှိပါက
ယင်းတို့ ကို စာရင်းကောက်ယူ၍ ထိုစာရင်းတွင် ပါသူများကိုသာလျှင်
ဆန္ဒမဲပေးချိန်ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည်ဟူ၍လည်းကောင်း၊ ယင်းဥပဒေပုဒ်မ
၄၈ ပုဒ်မခွဲ(ခ)တွင် သက်ဆိုင်ရာမဲရုံအလိုက် ဆန္ဒမဲပေးခြင်း
ပြီးပြတ်လျှင်ပြီးပြတ်ခြင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော
မဲရုံအဖွဲ့ဝင်ကဖြစ်စေ၊ မဲရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံ
ကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်
ရမည်ဟူ၍ လည်းကောင်း ပြဌာန်းဖော်ပြထားသည်။
.
No comments:
Post a Comment