ဟဲဟိုးတွင် ဘိလပ်မြေတင်လာသော ၈ ဘီးယာဉ် အရှိန်လွန် တိမ်းမှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 5, 2020

ဟဲဟိုးတွင် ဘိလပ်မြေတင်လာသော ၈ ဘီးယာဉ် အရှိန်လွန် တိမ်းမှောက်

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်ကျေးရွာအုပ်စု၊ သီခေါင်တောင် အဆင်းတွင် ယနေ့ ဇူလိုင်လ ၅ ရက်၊ ညနေပိုင်းက ဘိလပ်မြေများ တင်လာသော ၈ ဘီးယာဉ်တစ်စီး အရှိန်လွန် တိမ်း မှောက်၍ ယာဉ်ပေါ် ပါသူများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၅) ရပ်ကွက်နေ ယာဉ်မောင်း ရှိုင်းအောင် (၂၉ နှစ်) မောင်းနှင်ပြီး မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာနေ ဖြိုးကို (၂၉ နှစ်) နှင့် မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာနေ အာကာထက် (၁၉ နှစ်) တို့ လိုက်ပါစီးနင်းလာသည့် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော JAC TRUCK WITH CRANE အဝါရောင် ၈ ဘီးယာဉ် သည် ဇူလိုင်လ ၅ ရက်၊ ညနေ ၂ နာရီခန့်က အောင်ပန်းဘက်မှ ဟဲဟိုးမြို့ဘက်သို့ မောင်းနှင်လာစဉ် ဟဲဟိုးမြို့၊ သီခေါင်တောင် အဆင်းလမ်း၊ ဒုတိယအကွေ့၊ မိုင်တိုင်အမှတ် (၈၇/၄) နှင့် (၈၇/၅) အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောအတွင်း ရောက်ရှိပြီး အနက် ၂၅ ပေခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် အာကာထက်တွင် ဒဏ်ရာများ ရရှိခဲ့ခြင်း မရှိသော် လည်း ယာဉ်မောင်း ရှိုင်းအောင်တွင် ယာဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေသလုံး ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ နှင့် ယာဉ်အကူ ဖြိုးကိုတွင် ခါးနာကျင်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်၍ မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက် ဒဏ်ရာ ရစေသူ ယာဉ်မောင်း ရှိုင်းအောင်အား ဟဲဟိုးနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About