ရှမ်းပြည်နယ်အတွင်းရှိ သဘာ၀ရေထွက်များကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် ဖွဲ့စည်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 28, 2020

ရှမ်းပြည်နယ်အတွင်းရှိ သဘာ၀ရေထွက်များကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် ဖွဲ့စည်းမည်


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ သဘာဝ ရေထွက်များရှိရာ သစ်တောများကို ထိန်းသိမ်းရေးအတွက် ဒေသခံများ ပူးပေါင်းပါဝင်သော ဒေသခံပြည်သူ အစုဖွဲ့ပိုင် သစ်တောအဖြစ် ဖွဲ့စည်း ပေးမည် ဖြစ်ကြောင်း သိရသည်။
.

.
“အဓိက ကတော့ ဒေသခံပြည် သူ အစုဖွဲ့ပိုင် သစ်တောတည်ထောင် တာပါ။ တစ်ချို့က ရေထွက်တွေကို ထိန်းသိမ်းတာလည်း ရှိတယ်။ သစ် တော ရေထွက် မဟုတ်ဘူး သဘာဝ သစ်တောမှာ သူတို့ကိုယ်တိုင် သီးနှံ သစ်တောရော စိုက်တာလည်း ရှိ တယ်။ နောက် သစ်တော သဘာဝ သစ်တောကြီးပဲ ထိန်းတာလည်း ရှိ တယ်။ သဘာဝ သစ်တော အောက်မှာ ကော်ဖီတို့ အရိပ်ခိုပင်တွေ စိုက်တာ လည်း ရှိတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဒေသခံ ပြည်သူတွေ ပူး ပေါင်း ပါဝင်မှုနဲ့ သစ်တောတွေကို ထိန်းတာ။ ဌာနတစ်ခုတည်း ထိန်းလို့ မရတော့ဘူး။ ဖြစ်လည်း မဖြစ်နိုင် ဘူး။ ပြည်သူကလည်းသူတို့ နိုင်တဲ့ အပိုင်းက ဝိုင်းထိန်းတဲ့ အပိုင်းပေါ့။ နောက်တစ်ဖက်က ထိန်းရင်းနဲ့ လူမှု စီးပွားကို အထောက်အကူပြုတာတွေ ဒါနဲ့ တွဲပြီး eco Tourism လုပ်တာ တွေ ရှိတယ်။ ဒီ အခွင့်အလမ်းကို ဖော် ဆောင်ပေးဖို့ အတွက်လုပ်တာပါ” ဟု ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ရေထွက် များကို မူရင်းအတိုင်း ထားရှိပါက ကြိုးဝိုင်း၊ ကာကွယ်တောနှင့် သစ် တော နယ်မြေများ မဟုတ်သည့် အ တွက် ဥပဒေနဲ့ အညီ ထိန်းသိမ်း၍ မ ရသည့်အတွက် မြေအသုံးချမှုများ ဖြစ် သွားမည်ကို စိုးရိမ်သဖြင့်ဒေသခံများ ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်း နိုင်ရန် အစုဖွဲ့ သစ်တောများ ဖွဲ့ပေး ရန် တောင်းဆိုသည့်အတွက် ရှမ်း ပြည်နယ် သစ်တောဦးစီးဌာနမှ ဖွဲ့ စည်းပေးခဲ့ကြောင်း ၎င်းမှ ပြောသည်။
.
"ဥပဒေ ကြောင်းအရ သစ်တော တွေကို မီးရှို့တာတွေ၊ ခုတ်တာ တွေ ပြန်အရေးယူလို့ရတယ် အဲဒီသဘော ပါပဲ”ဟု ဦးခင်မောင်ဝင်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တွင် ဒေသခံပြည် သူ အစုဖွဲ့ပိုင် သစ်တော ဧကပေါင်း ၁၅၄၂၅၃ ဒသမ ၅၃ ဧက ရှိပြီး ၊ ကျေး ရွာပေါင်း ၈၅၁ ရွာ နှင့် အဖွဲ့ဝင် ပေါင်း ၃၄၇၅၇ ဦး ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကာ ၂၀၂၀-၂၀၂၁ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ၈၈၄၂၅ ဒသမ ၆ ဧက ထပ်မံ ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About