ရှမ်းပြည်နယ် သစ်ပင်စိုက်ပျိုးရေးနေ့ အခမ်းအနား မလုပ် ဖြစ်တော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 5, 2020

ရှမ်းပြည်နယ် သစ်ပင်စိုက်ပျိုးရေးနေ့ အခမ်းအနား မလုပ် ဖြစ်တော့

မယ်စု
.
ရှမ်းပြည်နယ် သစ်ပင်စိုက်ပျိုး ရေးနေ့ အခမ်းအနားကို နှစ်စဉ် ဇူ လိုင်လ ပထမပတ် စနေနေ့တွင် ပြု လုပ်လျက် ရှိသော် လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် အခမ်းအ နား ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိ ကြောင်း သိရသည်။
.
 
.
“လူစုလူဝေး မဖြစ်လိုတဲ့အတွက် ကြောင့် မိသားစု အလိုက်၊ တစ်ဦးချင်း အလိုက် တစ်နိုင်တစ်ပိုင် စိုက်ဖို့ပဲ ဝေ ငှသွားမှာပါ။ အရင်နှစ်ကလို အခမ်း အနားတွေနဲ့ လုပ်မှာ မဟုတ်ပါဘူး။ တောင်ကြီးမြို့ပေါ်မှာ ကားနဲ့ လိုက် ဝေပေးတဲ့ အစီအစဉ် လုပ်ပြီးပြီ။ သစ် တောပျိုး ဥယျာဉ်မှာပျိုးပင်တွေကျန် နေသေးတယ်။ အဲဒါတွေ လာယူပြီး စိုက်လို့ ရပါတယ်” ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်း က  ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင် ၍ နှစ်စဉ် ဇူလိုင်လ ပထမပတ်၊ စနေ နေ့အား ရှမ်းပြည်နယ် သစ်ပင် စိုက် ပျိုးရေးနေ့ အဖြစ် သတ်မှတ်ဆောင် ရွက်ခဲ့ရာ ယခုနှစ်၊ ဇူလိုင်လ ပထမ ပတ်၊ စနေနေ့ဖြစ်သော ဇူလိုင်လ ၄ ရက်တွင် လူစု လူဝေးဖြင့် အခမ်းအ နား ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြား ချက်များ နှင့်အညီ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် စိုက်ပျိုးနိုင်ရန် ပျိုးပင်များ လိုက်လံ ဝေ ငှပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
.
ထိုသို့ ပျိုးပင်များ လိုက်လံဝေငှ ရာတွင် ထင်းရှူး၊ မယ်ဇလီ၊ ရေသင်း ဝင်၊ ချယ်ရီ၊ အော်ရီးရှား၊ ဘောစကိုင်း၊ ပင်စိမ်း၊ စွယ်တော်၊ မန်ကျည်း၊ ပိ တောက်နှင့် ပျဉ်းကတိုးပင် မျိုးစိတ် များအား လိုက်လံဝေငှပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ ကျိုင်းတုံမြို့မဈေး အနီးတစ် ဝိုက်တွင် ရှမ်းပြည်နယ်သစ်ပင် စိုက် ပျိုးရေးနေ့ အကြိုအဖြစ် သစ်ပင် ပျိုး ပင်များကို ဝေငှပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ် သစ်တော ဦးစီးဌာ နအနေဖြင့် ပြည်ထောင်စုအစိုးရ ရန် ပုံငွေဖြင့် ပျိုးပင် ၁၃၁၉၅၀၀ ပင်၊ ရှမ်း ပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် နှစ် ရှည်သီးပင်စားပင် ၃၈၁၄၀၀ ပင်နှင့် သစ်တော သစ်ပင် ၄၉၈၆၀၀ ပင်၊ စုစုပေါင်း ၂၁၉၉၅၀၀ ပင် ပျိုးထောင် ခဲ့ပြီး  ပျိုးပင်ပေါင်း ၁၆၃၂၁၈၇ ပင် အား မြို့နယ်သစ်တော ဦးစီးဌာနပျိုး ဥယျာဉ်များမှ ပြည်သူသို့ ဖြန့်ဝေပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About