မူလပါတီမှ နုတ်ထွက်ခွင့် မရသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ အဖြစ်သာ ယှဉ်ပြိုင်နိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 19, 2020

မူလပါတီမှ နုတ်ထွက်ခွင့် မရသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ အဖြစ်သာ ယှဉ်ပြိုင်နိုင်

စိုင်းသိင်္ခသူ
.
နိုင်ငံရေးပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရဘဲ အခြား နိုင်ငံရေးပါတီတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိ ကြောင်းနှင့် မူလပါတီမှ နုတ်ထွက်ခွင့်မရဘဲ ရွေးကောက်ပွဲဝင်ပါက တစ်သီးပုဂ္ဂလအဖြစ်သာ  ပါဝင်ယှဉ်ပြိုင် ခွင့် ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ပြောဆိုခဲ့သည်။
.

.
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင်လ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်ရာ အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၏ မေးခွန်းမေးမြန်းမှုကို ဦးသက်ထွန်းက ယင်းကဲ့သို့ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ခြင်း ဖြစ်သည်။
.
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ အရ ပုဂ္ဂိုလ် တစ် ဦးသည် တစ်ချိန်တည်းတွင်ပါတီ တစ်ခု တည်း၌သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဌာန်းထားပါတယ်၊ သို့ရာတွင် ပါတီမှ နုတ်ထွက်ခွင့်မရသော အခြေအနေတွင် ၎င်း၏ ရွေးကောက်တင်မြှောက်ခံနိုင်ခွင့် မဆုံးရှုံးစေရေးအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ပါက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ ပါ ပြဌာန်းချက်နှင့် ဆန့်ကျင်သည် ဟု မဆိုနိုင်ပါ”ဟု ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
ကိုယ်စားလှယ်လောင်းသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည့် သတ်မှတ်ထားသော အရည်အချင်း များနှင့် ပြည့်စုံပါက ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ မည် ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလ အဖြစ်ဖြင့် ဖြစ်စေ၊ နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားပြု၍ ဖြစ်စေ ဝင် ရောက် ယှဉ်ပြိုင်နိုင်ကြောင်း၊ ထိုသို့ မူလပါတီမှ နုတ်ထွက်ခွင့် မရသည့် အခြေအနေ ရှိသူများအနေဖြင့် တစ် သီးပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း ညွှန်ကြားချက် ထုတ် ပြန်ပေးရေးကိုမူ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ အစည်းအ ဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats