ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ်တွင် အထူးရဲ ၃၆၀၀ ကျော် ခန့်အပ်သွားမည် - Kanbawza Tai News

Breaking

Sunday, July 26, 2020

ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ်တွင် အထူးရဲ ၃၆၀၀ ကျော် ခန့်အပ်သွားမည်


စိုင်းသိင်္ခသူ
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလ အ တွင်း မဲရုံများတွင် စောင့်ကြပ် ကြည့် ရှုနိုင်ရန်အတွက် ရှမ်းပြည်နယ် အတွင်း အထူးရဲ ၃၆၀၀ ကျော် ခန့်အပ် သွားရန် ရှိကြောင်း သိရသည်။
.


.
သူတို့ကို သတ်မှတ်ယူနီဖောင်း ထုတ်ပေးမယ်။ ချုပ်ခပေးမယ်။ အောက်တိုဘာ၊ နိုဝင်ဘာ ၂ လစာ ပေးမယ်။ မဲရုံအလိုက် ချထား တာဝန် ပေးသွားဖို့ရှိမယ်။ သမိုင်းဝင် ရွေး ကောက်ပွဲကြီးတစ်ခုမှာ ကိုယ်တိုင်အ ဓိကကျတဲ့ အခန်း ကဏ္ဍမှာ ပါဝင်ခဲ့ ဖူးတယ်ဆိုတဲ့ သမိုင်းမှတ်တမ်း တင် ကျန်ရစ်မှာဖြစ်လို့ အဓိကအားဖြင့် လူ ငယ်တွေ လျှောက်ထားဖို့ တိုက်တွန်း ချင်တယ်။ သင်တန်းကတော့ ၂ ပတ် တက်ရမယ်”ဟု မိုင်းတုံမြို့မ ရဲစခန်း မှူး ဒုရဲမှူး ကိုကိုဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အထူးရဲ (Special Police) လျှောက်ထားသူများသည် အပိုင်း ၄ ပိုင်း ပါဝင်သည့် လျှောက်လွှာပုံစံများ ဖြည့်သွင်းရမည် ဖြစ်ပြီး နိုင်ငံသား စိ စစ်ရေးကတ် (သိုမဟုတ်) မွေးစာရင်း ကတ် (သို့မဟုတ်) ကျောင်းထွက် လက်မှတ် (သို့မဟုတ်) ဇာတာ (သို့မ ဟုတ်) ကျမ်းကျိန်လွှာတွင် ဖော်ပြ သည့်မွေးနေ့နှင့် ကိုက်ညီရမည်ဖြစ် ကြောင်း သိရသည်။
.
သတ်မှတ်ကာလ ၂ လအတွင်း တာဝန်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စည်း ကမ်းထိန်းသိမ်းရေးဥပဒေကို တိကျ စွာ လိုက်နာကာ တာဝန်ကာလ ပြီးဆုံး ပါက ထုတ်ပေးထားသည့် အထူးရဲ ဝတ်စုံနှင့် ရဲဝတ်တန်ဆာများ ဝတ် ဆင်ခြင်း၊ လုပ်ငန်း တာဝန်များကို ဆက်လက်လုပ်ကိုင်ခြင်းတို့ကို မပြု တော့ပါဟု ခံဝန်လက်မှတ် ရေးထိုးရ မည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် စုစုပေါင်း လျာထားမဲရုံ ၃၆၇၆ ရှိရာ ယင်းမဲရုံများ အတွက် အထူးရဲ ၃၆၇၆ ဦးကို ၂၀၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေးအတွက် ခန့်ထားလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats