တပ်ဌာန၊ တပ်ရင်းများ အတွင်းသို့ နိုင်ငံရေးပါတီများ ဝင်ရောက် မဲဆွယ်ခွင့် မပြု

မင်းဇော်မင်း
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ မဲဆွယ် ကာလအတွင်း တပ်ရင်း၊ တပ်ဌာနများ အတွင်းသို့ နိုင်ငံရေး ပါတီများ အနေ ဖြင့် ဝင်ရောက် မဲဆွယ်စည်းရုံးဟော ပြောခွင့် ပြုမည်မဟုတ်ကြောင်း တပ် မတော်သတင်းမှန် ပြန်ကြားရေးအ ဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောဆိုခဲ့သည်။
.
.
တပ်မတော် သတင်းစာရှင်းလင်း ပွဲကို ဇွန်လ ၂၃ ရက်က နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်ရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“တပ်မတော်ဟာလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သလို ဝန်ထမ်းအဖွဲ့ အစည်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မဲဆွယ် ကာလမှာ နိုင်ငံရေးပါတီတွေ ကို တပ်ရင်းဌာနတွေထဲ ဝင်ရောက် မဲ ဆွယ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ တပ် ပြင်ပရပ်ရွာတွေမှာတော့ လွတ်လွတ် လပ်လပ် မဲဆွယ်နိုင်ပါတယ်"ဟု ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
.
နိုင်ငံရေးပါတီများ အနေဖြင့် တပ်ရင်းဌာနများအတွင်း ဝင်ရောက် မဲဆွယ်ခွင့်အပေါ် တပ်မတော်မှ ခွင့် မပြုသော်လည်း ဆန္ဒမဲ ပေးခွင့်ရှိသူ တပ်မတော်သားများနှင့် တပ်မိသား စုဝင်များသည် လွတ်လပ်စွာနှစ်သက် သည့်ပါတီအား မဲဆန္ဒ ပေးနိုင်မည် ဖြစ်ပြီး တပ်မတော်မှ ဆန္ဒမဲပေးရာ တွင် ဝင်ရောက်စွက်ဖက်မှုပြုမည် မ ဟုတ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
.
“အပြင်မှာကြားနေသလို တပ်မတော်က တပ်တွင်းမှာ ဘယ်ပါတီကို မဲပေးပါ။ ဘယ်ပါတီ ကိုမဲ မပေးပါနဲ့လို့ ညွှန်ကြားတယ်ဆိုတာ မရှိပါဘူး။ တပ် မတော်သားတွေလည်း သူတို့သဘော ဆန္ဒအလျောက် ကြိုက်နှစ် သက်ရာ ပါတီကို လွတ်လွတ်လပ်လပ် မဲပေး လို့ရပါတယ်။ တပ်မတော်က ညွှန် ကြားထားတယ် ဆိုတာ မဟုတ်ပါ ဘူး”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားခဲ့သည်။
.
တပ်မတော်အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တပ်ပြင်ပ ဆန္ဒမဲ ရုံများ လုံခြုံရေးအပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် အ ထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒနယ် များ၏ လုံခြုံရေးကိုပါ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
.

Comments