.
သက်ဆိုင်ရာ ကျောင်းအုပ်နှင့် ဆရာ/ဆရာမ များ၊ ဝန်ထမ်းများအား
ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း မပြုရန် အပါအဝင် အချက် ၁၆ ချက် ပါဝင်သော
မိဘအုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံစာကို ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်တွင်
ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ မေတ္တာရပ်ခံချက်တွင် ကျောင်းသားဦးရေ တိုးတက် များလာခြင်းကြောင့်
ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်းကြောင့် ကျောင်းသုံး ပြဌာန်း စာအုပ်များကို လုံလောက်စွာ
ဖြန့်ဝေ ပေးနိုင်ရန်အတွက် သတ်မှတ်ထားသော နယ်မြေများတွင် ကျောင်းအပ်နှံပေးကြပါရန်နှင့်
ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ/ ဆရာမများ၊ ဝန်ထမ်းများအား
ပေးအပ်ခြင်း မပြုလုပ်ရန် ဖော်ပြပါရှိသည်။
.
မိဘများအနေဖြင့်လည်း မိမိတို့ ၏ သားသမီးများအား ပူးပေါင်း
ဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်သော တီထွင် ကြံဆနိုင်စွမ်း ရှိသော လူသားကောင်းများ
ဖြစ်လာစေရန်၊ ကျောင်းတက် မှန်ရေးနှင့် အိမ်စာ မှန်မှန် လုပ်ဆောင်ရေးအတွက် မိဘများက
ကြီးကြပ်၍ ကျောင်းအုပ်၊ ဆရာ/ဆရာမများနှင့် ပူးပေါင်း ပေးရန်ကိုလည်း မေတ္တာရပ်ခံထားသည်ဟု သိရသည်။
.
ထို့ပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊
ကွမ်းယာ မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊
ကျန်းမာရေးနှင့် ညီညွတ်သော အသိပညာပေးရေးကို ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ ကျောင်းသား
ကျောင်းသူများ TV၊ Video၊ Phone၊ Computer ဂိမ်း စွဲလမ်းမှု ပပျောက်ရေးများကို
ပူးပေါင်း ဆောင်ရွက်ပေး စေရန် မေတ္တာရပ်ခံထားသည်။
.
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့်
ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ကျောင်းအုပ်၊
ဆရာ/ဆရာမ၊ ပညာရေးဝန်ထမ်းများ
လိုက်နာရမည့် အချက်များကို ဖော်ပြထားသည်။
.
အလားတူ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်တွင် ကျောင်းအုပ်၊
ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ
သိရှိ လိုက်နာရန် အချက်များကိုလည်း ထုတ်ပြန်ကြေညာထားသည်။
.
အခြေခံပညာ အထက်တန်း အ ဆင့် စာသင်ကျောင်းများကို ဇူလိုင်
၂၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်ထိ ကျောင်းအပ်လက်ခံမည်
ဖြစ်ကြောင်း သိရသည်။
.
#KBZTai
#Shan #News #SuHlaing
.
No comments:
Post a Comment